မန္တလေးမြို့တွင် ပထမဆုံး သိန်းတစ်သောင်းခွဲဆုရှင် ပွင့်သစ်ကွမ်းယာ ဆိုင်ပိုင်ရှင်ဇနီးမောင်နှံဆွတ်ခူး

မန္တလေး ၂ ဇွန် 

 


လေးကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို မန္တလေးမြို့ မြရည်နန္ဒာရပ်ကွက်၊ ဗ(၂၃)တွင် နေထိုင်သည့် ပွင့်သစ်ကွမ်းယာဆိုင်ပိုင်ရှင် ဇနီးမောင်နှံ ကိုဝင်းကျော်နှင့် မသီတာအေးတို့က ဆွတ်ခူးခဲ့ကြောင်း သိရသည်။

 


ထီပေါက်သူဇနီးမောင်နှံသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ထိန်ကန်ရွာကျေးရွာ ဇာတိဖြစ်ပြီး မန္တလေးမြို့တွင် ရောက်ရှိနေထိုင်လာခဲ့သည်မှာ ၁၅ နှစ်ရှိပြီဖြစ်သော်လည်း ပွင့်သစ်ကွမ်းယာဆိုင်ကို ဖွင့်လှစ်သည်မှာဆယ်နှစ်လောက်ရှိပြီဖြစ်ကာ ၎င်းတို့တွင် သားနှစ်ယောက်နဲ့ မိသားစု လေးယောက်အတူ နေထိုင်လျက်ရှိသည်။ 

 

ef23

 


"အစကတော့ မယုံဘူးပေါ့။ ဒီလောက်ထိ ကံကောင်းလိမ့်မယ် မထင်ဘူးလေ။ ဒါနဲ့ထီပြန်တိုက်ကြည့်တော့ ဟုတ်နေတာ အရမ်းလည်းပျော်သွားတယ်။ အရင်ဆုံးသတိရတာကတော့ ရွာဦးကျောင်းပေါ့ ရွာဦးကျောင်းကို လှူမယ်။ ကားဝယ်ပေးမယ်။ နောက်ပြီး နှစ်ဖက်မိဘကို ကန်တော့မယ်။ သားနှစ်ယောက်ကို အလှူပေးမယ်"ဟု သိန်းတစ်သောင်းခွဲ ကံထူးရှင် မသီတာအေးက ပြောသည်။

 


ထီပေါက်ဂဏန်းမှာ ကခ-၅၅၅၂၁၈ ဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးမှာ ငါးစောင်တွဲ နှစ်စောင်ကို သပြေထီရောင်းဝယ်ရေးဆိုင်မှ လက်ခွဲတွန်းလှည်းတွင် ထိုးယူခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးဖြစ်သူ ထိုးယူခဲ့သည့်တစ်စောင်မှ ပေါက်ခဲ့ခြင်းဖြစ်သည်။

 


လက်ရှိမှာတော့ ထီလက်မှတ်ပျောက်မှာစိုးတဲ့အတွက် အိမ်မှာ သေချာသိမ်းထားပြီး ထီဆုလက်မှတ်နှင့်အတူ ရန်ကုန်မြို့သို့ သွားရောက်ထုတ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 


သူရိန်လင်း