မန္တလေးသင်္ကြန်မှာ The RAVE Thingyan 2018 မဏ္ဍပ်တွင် ဒီဂျေ ၁၁ ဦးဖြင့်ဖျော်ဖြေသွားမည်

မန္တလေး ၁  ဧပြီ 

 

မန္တလေးသင်္ကြန်မှာ The RAVE Thingyan 2018 သင်္ကြန်မဏ္ဍပ်တွင် ဒီဂျေ ၁၁ ဦးဖြင့်ဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

 

၄င်း သင်္ကြန်မဏ္ဍပ်အားThe RAVE Entertainment မှ စီစဉ်ခြင်းဖြစ်ပြီး အင်တာနေရှင်နယ် ဒီဂျေအနေဖြင့် DJ 22 Bullets ၊ local ဒီဂျေအနေဖြင့် DJ Min Htet ၊ Morri Charm ၊ P4 ၊ Chacky ၊ Htet Ag & MC MHL ၊ S Logic ၊ Roxa ၊ Mike Haider ၊ Horror Noise ၊ Jack ၊ Hein တို့ ပါဝင်မည်ဖြစ်သည်။

 

‘ဒီသင်္ကြန်ပွဲမှာ အင်တာနေရှင်နယ်ဒီဂျေနဲ့ local ဒီဂျေ စုစုပေါင်း ၁၁ ယောက်ပါဝင် ဖျော်ဖြေမှာပါ။ လုံခြုံရေးအင်အား ၁၀ဝ နဲ့ စီစီတီဗီတွေလည်းတပ်ဆင်ထား မှာဖြစ်ပါတယ်’ ဟု The RAVE Entertainment တည်ထောင်သူ ကိုစိုးလပြည့်အောင်မှ ပြောသည်။

 

The RAVE Thingyan 2018 ရေကစားမဏ္ဍပ်ကို မန္တလေးကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်း ၊ ၁၇ လမ်း × ၁၈ လမ်းကြားတွင် တည်ဆောက်နေပြီး သင်္ကြန်မဏ္ဍပ်ဆောက်လုပ်ခွင့် ရရှိရန် ငွေကျပ် ၁၀၅ သိန်းဖြင့် လေလံရရှိခဲ့ကြောင်း သိရသည်။

 

ရေပတ်ခဈေးနှုန်းအနေဖြင့် အကြိုနေ့ ၁၀ဝ၀ဝ ကျပ် ၊ အကျနေ့ ၂၀ဝ၀ဝ ၊ အကြတ်နေ့ ၂၅၀ဝ၀ ကျပ် ၊ အတက်နေ့ ၂၅၀ဝ၀ ကျပ် ဖြစ်ပြီး လေးရက်လုံး ရေပတ်ကစားမည်ဆိုပါက ၅၈၀ဝ၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်းသိရသည်။

 

အိမို့မို့ခိုင်