မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ Sky Walk မီးလောင်မှု နောက်ဆုံးရသတင်း

မန္တလေး ၁၈ ဇန်နဝါရီ

ဇန်နဝါရီ ၁၇ ရက် ညနေ ၆ နာရီ ၈ မိနစ်ခန့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံ မြို့နယ်၊ ကဉ္ဇဏမဟီရပ်ကွက်၊ ၃၄ လမ်း၊ ၇၈ လမ်းထောင့် အလျား(၄၆၈)ပေ၊ အနံ(၄၅၀)ပေရှိ Basement + RC (၆)ထပ်၊ Mandalay Yatanar Mall ၊ Sky Walk ပထမအလွှာတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မန္တလေးမြို့ပေါ် မီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်(၈၂)စီး၊ ရေသယ်ယာဉ်(၅၀)စီး၊ မီးသတ်စက်ယာဉ်(၁၄)စီး၊ အထောက်အကူပြု ယာဉ်(၂၁)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ အထပ်မြင့်မီးသတ်ယာဉ်(၇)စီး၊ ပြင်ဦးလွင်မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၄)စီး၊ ရေသယ်ယာဉ်(၃)စီး၊ ကျောက်ဆည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၇)စီး၊ စစ်ကိုင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ် (၂) စီး၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ စုစုပေါင်း မီးသတ်ယာဉ်(၁၉၄)စီး၊ အုပ်ချုပ်မှုယာဉ်(၄)စီး၊ စည်ပင်မှရေသယ်ယာဉ်(၁၀)စီး၊ BA.Set (၅၀) လုံး၊ မီးခိုးမှုတ်စက်(၆)လုံး၊ Engine Cutter (၁၀)လုံး၊ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီမှ ဘတ်ဟိုးမြေတူးစက် (၄)စီးတို့ဖြင့် သန္ဓေ(၂၅၀)ဦး၊ အရန်(၅၀၀)ဦး၊ စည်ပင်ဝန်ထမ်း (၅၀)ဦး၊ တပ်မတော်သား(၂၃၀)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် (၁၀၀) ဦးတို့နှင့်ပူပေါင်း ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ယင်းသို့ ငြှိမ်းသတ်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၂ နာရီ ၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီ ၃ မိနစ်တွင် မီးငြိမ်းကြောင်းနှင့် မီးငြှိမ်းသတ်ရာတွင် ပုလဲငွေရောင် မီးသတ်စခန်းမှ ဟိန်းထက်အောင် (၂၁) နှစ်တွင် ယာမေးရိုးဖူးရောင်၊ မေးစေ့ပေါက်ပြဲ၊ ခါးဝဲပေါင်/ဝဲဒူး နာကျင်ဒဏ်ရာများ (စိုးရိမ်ရ) နှင့် မဟာအောင်မြေမြို့နယ် မီးသတ်တပ်ဖွဲ့မှ အရန်မီးသတ်တပ်ခွဲမှူး ဦးသက်နိုင်ထွန်း အပါအဝင် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂) ဦးတို့တွင် ယာပါး၊ ယာလက်၊ ခြေမပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ထုတ်ပြန်ချက်အရ သိရသည်။

Photo credit> Myanmar Fire Services Department

MDN