မန္တလေးတိုင်းဒေသကြီးရဲ့ အောင်ချက်ရာခိုင်နှုန်း ၂၀၁၈ မှာ ဗိုလ်စွဲ

မန္တလေး ၂ ဇွန် 

ယခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးတိုင်းဒေသကြီးမှ အောင်ချက်ရာခိုင်နှုန်း အများဆုံးဖြစ်ကြောင်း မန္တလေးတိုင်းပညာရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်စန်းစန်းရီက ပြောသည်။

မန္တလေးတိုင်း၏အောင်ချက်ရာခိုင်နှုန်းမှာ ၃၈ ဒသမ ၁၇ ရာခိုင်နှုန်းဖြစ်ပြီး ရန်ကုန်းတိုင်းက ဒုတိယအောင်ချက်အများဆုံးဖြစ်ကြောင်း သိရသည်"မန္တလေးတိုင်းရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက်ရာခိုင်နှုန်းက ပြီးခဲ့တဲ့နှစ်ထက် နည်းပေမယ့် မြန်မာ တစ်နိုင်ငံလုံးရဲ့ အောင်ချက်အများဆုံးလို့ သိရပါတယ် "ဟု ဒေါ်စန်းစန်းရီက ပြောသည်။

မန္တလေးတိုင်းအတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၁၁၃၉၈ ဦးရှိပြီး ၄၂၅၁၇ ဦးအောင်မြင်ခဲ့ပြီး ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်အများဆုံးရရှိသူ (၁၀) ဦးမှာ (၂) ဦးက မန္တလေးတိုင်းမှဖြစ်ကြောင်း သိရပါသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုသူ ၇၈၉,၈၄၅ ဦး ရှိပြီး အောင်မြင်သူ ၂၅၉,၁၉၁ ရှိရာ ၃၁. ၈၂ ရာခိုင်နှုန်း အောင်မြင်ကြောင်း ပညာရေးဝန်ကြီးဌာန facebook စာမျက်နှာတွင် ရေးသားထားသည်။

အိမို့မို့ခိုင်