မန္တလေးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ်

 

ပြ‌ည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် - CMRS ဖြင့် သတင်းပေးပို့ချက်အရ ဖေဖော်ဝါရီ ၂၅ ရက်မှ ၂၆ ရက်အထိ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်၊ လဲဖြူဆည်တမံ အောက်ရေမြောင်းဘေး၊ မြင်းနားကျေးရွာ အနီးဝန်းကျင်နှင့် ရွှေမြင်တင်ဘုရားတောင်ဘက် သရက်တောအတွင်းနေရာများမှ တရားမဝင် သစ်ယား/ မျောက်ငို/ စကားဝါ/ ကညင်သစ်/ ခြမ်း (၉ ဒသမ ၉၂၄)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ ကျောက်ဆည်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းဘေးတွင် တရားမဝင်ကျွန်းသစ်/ခွဲသား (၁၁ ဒသမ ၇၃၃၆) တန်နှင့်အတူ တရားခံ()ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

 

ညီညီသန်း (နေပြည်တော်)

 

thit mi1