မန်ယူ၊ လီဗာပူး၊ ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့က လိဒ်ယူနိုက်တက်အသင်း ကွင်းလယ်လူ ကယ်ဗင်ဖီလစ်ကို ခေါ်ယူရန် စောင့်ကြည့်နေ

ပရီမီယာလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ မန်ယူအသင်း၊ လီဗာပူးအသင်း၊ ချယ်လ်ဆီးအသင်း၊ အာဆင်နယ်အသင်းနဲ့ နယူးကာဆယ်အသင်းတို့ဟာ လိဒ်ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်ကွင်းလယ်  ကစားသမား ကယ်ဗင်ဖီးလစ်ကို စာချုပ်ချုပ်ဆိုခေါ်ယူသွားဖို့ စောင့်ကြည့်မှုတွေပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမား  ကယ်ဗင်ဖီးလစ်ဟာ ၂၀၁၉ ခုနှစ်အတွင်းက လိဒ်ယူနိုက်တက်အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပြီး လက်ရှိချုပ် ဆိုထားတဲ့ စာချုပ် သက်တမ်းဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ပရီမီယာလိဂ်ကလပ်အသင်းအများစုက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

လိဒ်ယူနိုက်တက်အသင်းရဲ့ အခြားသောကစားသမားတစ်ဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ်ရှိ ဘရာဇီး တောင်ပံကစားသမား ရာဖင်ဟာကတော့ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ကစားဖို့အတွက် လိဒ်ယူနိုက်တက်အသင်းရဲ့ စာချုပ်သစ်ချုပ်ဆိုရေးကမ်းလှမ်းချက်ကို ငြင်းဆိုထားတယ်လို့ သိရပါတယ်။

ငွေကြယ်