မန်ယူအသင်း ပရီမီယာလိဂ် အမှတ်ပေးဇယားအဆင့် ၄ နေရာတက်လှမ်း

မန်ယူအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၂၅ အဖြစ် ဖေဖော်ဝါရီ ၁၅ ရက် ညပိုင်းက အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဘရိုက်တန်အသင်းကို နှစ်ဂိုးပြတ်နဲ့ အနိုင် ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်အဆင့် ၄ နေရာကို မန်ယူအသင်း တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အဲဒီပွဲစဉ်မှာ မန်ယူအသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် ၅၁ မိနစ်မှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုရဲ့ သွင်းဂိုး၊ သာမန်ပွဲကစားချိန် ကုန်ဆုံးပြီးနောက် နာကျင်အချိန်ပို ဖြစ်တဲ့ ၉၇ မိနစ်မှာ ကွင်း လယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးရရှိခဲ့တာကြောင့် မန်ယူအသင်း က နှစ်ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ တာဖြစ်ပြီး ဘရိုက်တန်အသင်းကတော့ ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ်မှာ အသင်းရဲ့ အားထားရတဲ့ ကစားသမား တစ်ဦးဖြစ်တဲ့ လူးဝစ်ဒွန့် တိုက်ရိုက်အနီကတ်ပြခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာ လည်း ဖြစ်ပါတယ်။ ဘရိုက်တန်အသင်းကို ပေါက်ပျောက်ဆုံးမှုကိုပါ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ မန်ယူအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ခြောက်ပွဲကြာ ဂိုး ပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ လက်ရှိမှာတိုက်စစ်မှူး စီရိုနယ်လ်ဒိုဟာ အခုနှစ်ဘောလုံးရာသီအတွင်း မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ် သွင်းဂိုး ကိုးဂိုးအထိ ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိ ပရီမီယာလိဂ် အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းက၂၅ ပွဲကစားပြီးချိန်မှာ ရမှတ် ၆၃ မှတ်နဲ့ အမှတ်ပေးဇယားအဆင့်တစ်နေရာမှာ ရပ်တည်နေပြီး လီဗာပူးအသင်းက ၂၄ ပွဲ ကစားပြီး ချိန်မှာ ရမှတ် ၅၄ မှတ်နဲ့ အဆင့်နှစ်နေရာမှာ ရပ်တည်နေပါတယ်။ ချယ်လ်ဆီးအသင်းက ၂၄ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၄၇ မှတ်နဲ့ အဆင့်သုံးနေရာမှာ ရပ်တည်နေတာဖြစ်ပြီး မန်ယူအသင်းက ၂၅ပွဲ ကစားပြီးချိန်မှာ ၄၃ မှတ်နဲ့ အဆင့်လေးနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ငွေကြယ်