မန်ယူအသင်းကွင်းလယ်ကစားသမား  လင်ဂတ်ကို  နွေရာသီကာလတွင် ခေါ်ယူရန် စပါးအသင်းစီစဉ်

စပါးအသင်းဟာ အခုနွေရာသီအပြောင်းအရွှေ့ ကာလအတွင်း မန်ယူအသင်းမှ အင်္ဂလန်ကွင်းလယ် ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ကုန်ဆုံးမှာဖြစ် အသက် ၂၉ နှစ်အရွယ်ရှိ ကွင်းလယ်ကစားသမားလင်ဂတ်ရဲ့ လက်ရှိမန်ယူအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း အခုဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တယ်လို့ သိရပါတယ်။ ကွင်းလယ်ကစားသမား လင်ဂတ်ဟာ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ အက်စတွန်ဗီလာ အသင်းကို အနိုင်ရရှိခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် လေးမိနစ်သာ ပါဝင်ပွဲထွက်ကစားခွင့်ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဒါ့ပြင် အခုနှစ်ဘောလုံးရာသီအတွင်းမှာ မန်ယူအသင်းနဲ့အတူ ပရီမီယာလိဂ်ပွဲစဉ်တွေမှာ အခုအချိန်အထိ ကနဦးပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်မရရှိသေးတာလည်းဖြစ်ပါတယ်။ အခုရာသီ ကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာမို့ စပါးအသင်းဟာ ကွင်းလယ်ကစားသမား လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့လည်းရှိနေတာ ဖြစ်ပါတယ်။

ကွင်းလယ်ကစားသမားလင်ဂတ်ဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်အတွင်းမှာ ဝက်စ်ဟမ်းအသင်းဆီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရာမှာ ပွဲစဉ် ၁၆ ပွဲမှာ သွင်းဂိုး ကိုးဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ မန်ယူအသင်းက လင်ဂတ်ကို စာချုပ်သက်တမ်း တိုးဖို့ မသေချာတာကြောင့် စပါး အသင်းနည်းပြ ကွန်တီက အသင်းကို အကောင်းဆုံးပြန်လည်တည်ဆောက်ရန် ကွင်းလယ်ကစားသမား လင်ဂတ်ကို ခေါ်ယူဖို့ ဆန္ဒပြင်းပြနေတာဖြစ်ပါတယ်။

ငွေကြယ်