MRS. UNIVERSE MYANMAR 2018’S အဖြစ် အိမ်ထောင်ရှင် အလှမယ် ရွှေသီရိခေတ် ကို သရဖူပေးအပ်

၁ ဖေဖော်ဝါရီ

 

အိမ်ထောင်ရှင် အလှမယ် ရွှေသီရိခေတ်ကို Mrs. Universe Myanmar 2018’s အလှမယ်သရဖူကို လွှဲပြောင်းပေးအပ်ခဲ့သည်။ အဆိုပါ ပေးအပ်ပွဲမျိုးကိုလည်း ယခင် ၂၀၁၇ ခုနှစ်က  အိမ်ထောင်ရှင်အလှမယ်  ကေခိုင်နှင်းကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

“ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်တာကလည်း ကိုယ့်ရဲ့ ဖက်ရှင်လုပ်ငန်းနဲ့လည်း ဆက်စပ်နေတယ်။ ဖက်ရှင်ပိုင်း တစ်ခုကို တည်ထောင်ထားသူ တစ်ယောက်အတွက် ကိုယ်ရဲ့ခံစားချက်တွေကလည်း တိုက်ဆိုင်တယ်။ ဒီပြိုင်ပွဲ ဝင်ပြိုင်ချိန်မှာလည်း အခက်အခဲတွေလည်း အများကြီးကြုံခဲ့ပါတယ်။ ကိုယ့်ရဲ့ မိသားစုအတွက်လည်း အချိန်တွေကို ညှိနှိုင်းပြီးတော့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အတွက် တိုးတက်ပြီး အခွင့်အလမ်းတွေ လည်း ပိုရမယ်ထင်လို့ ဝင်ရောက်ယှဉ်ပြိုင်တာလည်း ဖြစ်ပါတယ်။ အိမ်ထောင်ရှင် တစ်ယောက်အနေနဲ့ စိတ်ပိုင်း ဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါ ပိုပြီးရင့်ကျက်ရတဲ့ အနေအထားတွေလည်းပါတယ်။ကိုယ့်မိသားစုရဲ့ဝင်ရော ၊ အဓိက အမျိုးသားခွင့်မပြုဘဲ ဒီလိုနေရာအထိ ရောက်လာမှာလည်း မဟုတ်ပါဘူး ” ဟု အိမ်ထောင်ရှင် အလှမယ် ရွှေသီရိခေတ်က ပြောသည်။

 

၎င်းအနေဖြင့်  ဒီဇိုင်နာလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စား ပြုအနေဖြင့် Mrs. Universe 2018 ပြိုင်ပွဲကြီးတွင် တတိယအကြိမ် ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။

 

mdn

 

အဆိုပါပြိုင်ပွဲကြီးကို မတ်လပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်ရမည့်နိုင်ငံနှင့်  ရက်အတိအကျကို သိရှိရမည်ဖြစ်ပြီး ယခင် နှစ်များတွင် သြဂုတ်နှင့် စက်တင်ဘာလတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံ ဒါဗန်မြို့တွင် ကျင်းပသော Mrs. Universe 2017 ခုနှစ်တွင် မြန်မာနိုင်ငံမှာလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဘူးပြီး၊ ယခု အကြိမ်သည် ဒုတိယမြောက် သွားရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။

 

“ကျွန်မအနေနဲ့ ပင်ကိုယ်ဖက်ရှင်ဒီဇိုင်ပိုင်း ပတ်သက်ပြီး ကျွမ်းကျင်တာမို့ ဒီလို့အချက်လေးတွေနဲ့ ဝင်ယှဉ်ပြိုင်ဖို့လည်း စီစဉ်နေပါတယ်။ နောက်မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုပိုင်းတွေ၊ ဝတ်စားဆင်ယင်မှု တွေမှာ တိမ်မြုပ်နေတာ လေးတွေကို ပြန်လည်ဖော်ထုတ်ဖို့လည်း ရှိပါတယ်။ ခန္ဓာကိုယ်ပိုင်းလည်း အကောင်းဆုံး လှပအောင် ကြိုးစားသွားပါမယ်။ လောလောဆယ် လူတွေသတိမထားမိတာ တိမ်ကောနေတာ၊ မေ့နေတာ လေးတွေကို စုစည်းနေတယ်။ ပြန်လည်ဖော်ထုတ်မယ်ပေါ့။ ဘာဖြစ်မလဲတော့ ပြောလို့ မရသေးပါဘူး။ မသွားခင်လည်း စာနယ်ဇင်း ရှင်လင်းပွဲလုပ်ပါမယ့်”ဟု ၎င်းက ထပ်မံပြောကြားသည်။

 

ကိုလင်း