မသန်စွမ်းတင်းနစ်မယ် ဂျော်ဒန်နီမှီလေကစားသမားဘဝမှ အနားယူပြီ

နိုဝင်ဘာ ၁၉

ဗြိတိန်နိုင်ငံရဲ့ ဂရန်းဆလမ်းချန်ပီယံဆုဖလား ၁၃ ကြိမ်ဆွတ်ခူးထားတဲ့ မသန်စွမ်းတင်းနစ်မယ် ဂျော်ဒန်နီဦလေဟာ အသက် ၂၉ နှစ်အရွယ်မှာ တင်းနစ်မယ်ဘဝကနေ အနားယူလိုက်ပြီဖြစ်တယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ “ ဗြိတိန်မသန်စွမ်းတင်းနစ်မယ် ဂျော်ဒန်နီဗွီလေဟာ ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၀၂၀ တိုကျို အိုလံပစ်ပြိုင်ပွဲမှာရရှိခဲ့တဲ့ တစ်ဦးချင်းကြေးတံဆိပ်ဆုနဲ့ နှစ်ယောက်တွဲ ငွေတံဆိပ်ဆုအပါအဝင် မသန်စွမ်း ဆုတံဆိပ်လေးခုရရှိခဲ့သူလည်း ဖြစ်ပါတယ်။

ဂျော်ဒန်နီမှီလေဟာ ဂျပန်မသန်စွမ်းတင်းနစ်မယ် ကာမီဂျီနဲ့အတူ ဝင်ဘယ်ဒန်တင်းနစ်ပြိုင်ပွဲရဲ့ နှစ်ယောက်တွဲ ပြိုင်ပွဲမှာ ချန်ပီယံဆုရရှိခဲ့သူဖြစ်ပါတယ်။

ဂျော်ဒန်နီဗွီလေနဲ့ ကာမီဂျီတို့ဟာ နှစ်ယောက်တွဲပြိုင်ပွဲတွေကနေ ဂရန်းဆလမ်းဆုဖလား ၁၂ ကြိမ်ရရှိခဲ့ပြီး ဂျော်ဒန်နီမှီလေဟာ ၂၀၁၅ အမေရိ ကန်အိုးပင်းတင်းနစ်ပြိုင်ပွဲမှာ တစ်ဦးချင်းဂရန်း ဆလမ်းဆုဖလား ရရှိခဲ့တာကြောင့် တစ်ဦးချင်းဂရန်း ဆလမ်းဆုဖလားရရှိတဲ့ ဗြိတိန်နိုင်ငံရဲ့ ပထမဆုံးသော မသန်စွမ်းတင်းနစ်မယ်တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ငွေကြယ်