မြတ်မေတ္တာမွန် သင်္ဘောကျင်းအနီး ရပ်နားထားသော သင်္ဘောမှ ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်

ရန်ကုန်  ၂၇  သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်၊ မြတ်မေတ္တာမွန် သင်္ဘောကျင်းအနီးတွင် ယနေ့ ညနေ ၅ နာရီခွဲက ရပ်နားထားသော သင်္ဘောမှ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

52

 

အဆိုပါ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပွားရာသို့ ဒလမြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ကနဦး သိရသည်။

MDN
ဓာတ်ပုံ- မီးသတ်ဦးစီးဌာန

00