မတ္တရာမြို့နယ် အမှတ်(၁၅)သစ်စက်(တံငါ)တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး ခြင်းနှင့် သရုပ်ပြပွဲကျင်းပ

မတ္တရာ ၁၈  ဒီဇင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အမှတ်(၁၅)သစ်စက် (တံငါ)နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးဘေးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးငြိမ်းသတ် သရုပ်ပြခြင်းကို ဒီဇင်ဘာလ ၁၈ရက် နံနက် ၁၀ နာရီက အဆိုပါ သစ်စက်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

 

7

 

ရှေးဦးစွာ အသိပညာပေးဟောပြောပွဲကို ရှင်းလင်းဆောင်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး၊ မြန်မာ့သစ်လုပ်ငန်း၊ ပြည်တွင်းရောင်းဝယ်ရေးနှင့် သစ်စက်ဌာန၊ လက်ထောက် အထွေထွေမန်နေဂျာ (ရောင်း/စက်ဌာနမှူး)မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမျိုးထွန်းမှ မီးလောင်ရသည့် အကြောင်းအရင်းများ၊ မီးလောင်ပါကဆောင်ရွက်ရမည့် နည်းလမ်းများကိုရှင်းလင်းခြင်းနှင့် အရေးပေါ် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်း ပြသခဲ့ပြီး အရေးပေါ်မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းခြင်း၊ မီးသတ်ပိုက်ဖြင့် ငြှိမ်းသတ် နည်းများကို လက်တွေ့သရုပ်ပြသခဲ့ကာ အမှတ် (၁၅) သစ်စက်မှ ဝန်ထမ်းများမှ လက်တွေ့ ငြှိမ်းသတ် ခဲ့ကြသည်။

 

5

 

ထို့နောက် မီးသတ်ဦးစီးနှင့်အဖွဲ့သည် တာဝန်ရှိသူများနှင့်အတူ သစ်စက်ဝန်ထမ်းလိုင်းခန်းများသို့ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခဲ့ကြသည်။

 

8

 

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအသိပညာပေးဟောပွဲသို့  လက်ထောက် အထွေထွေမန်နေဂျာ (ရောင်း/စက်ဌာနမှူး)နှင့် မန္တလေးဒေသမန်နေဂျာ၊ အမှတ် (၁၅) သစ်စက် (တံငါ) စက်ရုံမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

6

 

စိုးကျော်သူထွေး(မတ္တရာ)

 

68