မတ္တရာမြို့နယ်တွင် အခြေခံလူတန်းစားအိမ်ထောင်စု ၁၆၆၄၀ စုအတွက် ထောက်ပံ့ငွေများပေးအပ်

မတ္တရာ    ဇူလိုင်

 

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံငွေပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦအောင်ကျော်နိုင်မှ မဟာသင်္ကြန်ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအား အခြေခံစားသောက်ကုန်()မျိုး ထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စု ၈၅ အုပ်စုမှ အိမ်ထောင်စု ၁၆၆၄၀ စုအား တစ်စုလျှင် ငွေကျပ် ၁၅၀၀၀ ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဝင် များမှ အခြေခံလူတန်းစား အိမ်ထောင်စု(၁၆၆၄၀)စုအတွက် ငွေကျပ် (၂၄၉၆) သိန်းအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

စိုးကျော်သူထွေး(မတ္တရာ)