မတူပီမြို့တွင် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ၁၆ နှစ်အောက် မီနီမာရသွန်အပြေးပြိုင်ပွဲကျင်းပ

မတူပီ ၃  ဇန်နဝါရီ 

 

မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့က ပူးပေါင်းကျင်းပသော (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မီနီမာရသွန်ပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီခွဲက မတူပီမြို့ရှစ်လမ်းဆုံမှ တာလွှတ်ကျင်းပခဲ့သည်။ 

 

DSC05508 အားကစား (3)

 

အဆိုပါပြိုင်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက တာလွှတ်ပေးပြီး ရှစ်လမ်းဆုံမှဝေလောင်းကွင်းအထိ၊ ဝေလောင်းကွင်းမှ ရှစ်လမ်းဆုံ၌ ပန်းဝင်ခဲ့ကြသည်။ 

 

DSC05508 အားကစား

 

အဆိုပါ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသော အမျိုးသားပြိုင်ပွဲဝင်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ဆုများချီးမြှင့်ပေးခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသော အမျိုးသမီး ပြိုင်ပွဲဝင်များအား တာဝန်ရှိသူများက ဆုချီးမြှင့်ပေးခဲ့သည်။ 

 

(၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့၌ မီတာ ၂၀၀၊ မီတာ ၄၀၀ အပြေးပြိုင်ပွဲများ၊ ခြင်းလုံးပြိုင်ပွဲ၊ လွန်ဆွဲ အားကစားပြိုင်ပွဲများကို ဗိုလ်တိုက်ချွန်းအားကစားကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မတူပီမြို့နယ်(ပြန်/ဆက်)

 

DSC05508 အားကစား (2)