မတူပီရိုးရာ လိုဆာခ့်ခိုသူးပွဲတော် မတူပီ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မတူပီ  ၁၆  ဇူလိုင်

 

မတူပီရိုးရာ လိုဆာခ့်ခိုသူးပွဲတော် အခမ်းအနားကို ဇူလိုင် ၁၃ ရက်က မတူပီ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင်  ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာခိုသူးအကဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြပြီးနောက် သဘာပတိ ဦးထန်ကျင်းမှ အဖွင့်အမှာစကား ပြောကြားကာ ပွဲတော်အကြောင်းကို ဒေါ်ယုံယုံမှ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး မူလတန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာပေပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများမှ ဆုရကျောင်းသားများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် ယဉ်ကျေးမှုအဖွဲ့မှ ရိုးရာခိုသူး တေးသီချင်းသီဆိုခြင်း၊ ကပြဖျော်ဖြေခြင်းနှင့်  ဒိုင်းလွှားကိုင်ဆောင်လျက် သားရေထိုးပွဲများကိုလည်း ဆက်လက်ကျင်းပခဲ့ရာ စစ်ဗျူဟာမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများတို့က အလှူငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

ဆလိုင် အွခ်လားဘိခ် (မတူပီ)