မုဒုံမြို့၌ အောက်ဆီဂျင်စက်နှင့်ဆက်စပ် ပစ္စည်းများတပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်အရည်များ အခမဲ့ဖြည့်သွင်းနိုင်

မုဒုံ  အောက်တိုဘာ  ၃

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌  ဆရာတော်သံဃာတော်များ ၊ ဒေသခံ ပြည်သူများနှင့် အနယ်နယ်အရပ်ရပ်မှ လုပ်ငန်းရှင်များ၊စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းငွေဖြင့် ဝယ်ယူထားသည့် အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ပြီးစီး၍ အောက်ဆီဂျင်အရည်များကို အခမဲ့ဖြည့်သွင်းနိုင်ပြီဖြစ်‌ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်စက်နှင့်ဆက်စပ်ပစ္စည်းများကို  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၊ အခြားကျန်းမာရေးနှင့်ပတ်သက်သည့်  လုပ်ငန်းများ တွင် အသုံးပြုနိုင်ရန်အတွက် မုဒုံမြို့နယ် ဗျိုင်းနှစ်ကောင် ဝင်းစိန်တောရ ကျောင်းဝင်း အတွင်း၌ တည်ဆောက်ထားရာ ၄၀ လီတာအိုးကို တစ်နာရီရှစ်လုံး တစ်နေ့လျှင်အလုံရေ ၆၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်သည်။

ယင်း အောက်စီဂျင်စက်ရုံ၌ မုဒုံမြို့နယ်အပြင် အခြားဒေသများမှ အရေးပေါ်အောက်
ဆီဂျင်လိုအပ်သည့်ပြည်သူများအတွက် စက်လည်ပတ်နေစဉ်အတွင်း အောက်ဆီဂျင်
အရည် လိုအပ်သူများအနေဖြင့် အချိန်မရွေး အခမဲ့လာရောက်ဖြည့်သွင်းနိုင်‌ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)