မုဒုံမြို့၌ ပန်းခင်းစီမံချက် ကွင်းဆင်းဆောင်ရွက်

မုဒုံ     ဇွန်     ၂၅

မွန်ပြည်နယ် မုဒုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသည့်  ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ခွင့်ရရှိစေရန်အတွက် ယမန်နေ့နံနက် ၉ နာရီက မုဒုံမြို့နယ် တာပသွန်ကျေးရွာအုပ်စု၊ တိုက်ကျောင်းဘုန်းကြီးကျောင်း၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးသည်။

အဆိုပါ ကျေးရွာအတွင်းရှိ အသက် (၁၈)အောက် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား(၄၈၉)ဦး၊ အမျိုးသမီး(၆၀၃)ဦး စုစုပေါင်း(၁၀၉၂)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် အမျိုးသား(၂၀၉၉)ဦး၊ အမျိုးသမီး(၂၂၄၈)ဦး စုစုပေါင်း (၄၃၄၇) ဦးနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်/ပျက်စီးသူများအား အသစ်ပြုလုပ်ခြင်းတို့ကို  အခမဲ့ဆောင်ရွက်ပေးသည်။  

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးမှ   ဒု(လဝက)မှူး ဒေါ်ဥမ္မာက ပန်းခင်းစီမံချက်ဖြင့်  နိုင်ငံသားစိစစ်ရေးကတ် ကွင်းဆင်းဆောင်ရွက်ပေးရခြင်း၏ ရည်ရွယ်ချက်နှင့်  နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ရာတွင်  ပါရှိရမည့် အထောက်အထားများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၏ အသုံးဝင်မှု၊ ပျောက်ဆုံး/ပျက်စီးမှုမရှိစေရေး စနစ်တကျ ကိုင်တွယ်အသုံးပြုရမည့် နည်းစနစ်များကို အသိပညာပေးရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

mdn