မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာအနီးတွင် ကွန်တိန်နာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွား

မုဒုံ ၂၅ အောက်တိုဘာ

 

မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာနှင့် နှီပဒေါကျေးရွာကြား မော်လမြိုင်-သံဖြူဇရပ် ကားလမ်းမကြီးတွင် အောက်တိုဘာလ ၂၄ရက်  ည ၇နာရီခွဲ ခန့်က ကွန်တိန်နာယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်သည် သံဖြူဇရပ်မှမုဒုံသို့ ယာဉ်မောင်း ဦးမြင့်ဇော် မောင်းနှင်လာကာ ရော်ဘာပေါင်းသစ်ပြားများ တင်ဆောင်လာ၍ အရှိန်မထိန်းနိုင်ဘဲ ကားလမ်းမပေါ်သို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ကားလမ်းပိတ်ဆို့မှု (၂)နာရီခန့်ကြာ ဖြစ်ပွားခဲ့ရာ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများတို့က ကားလမ်းကြောင်း ရှင်းလင်းဆောင်ရွက်ခဲ့ကြသည်။

 

ဖြစ်စဥ်နှင့်ပတ်သက်၍ မုဒုံမြို့နယ် ကမာဝက်နယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ(၁)ဦးနှင့် သေဆုံးသူမရှိကြောင်း သိရသည်။

 

အောင်မျိုးသူ(ပြန်/ဆက်)