မှုခင်းကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့် သက်ငယ်မုဒိမ်းမဖြစ်ပွားရေး အသိပညာပေး ဟောပြော

ဆော ၆ ဇန်နဝါရီ

 

ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်တွင် မှုခင်းကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် သက်ငယ်မုဒိမ်း မဖြစ်ပွားရေး အသိပညာပေး ဟောပြောပွဲကို ဇန်နဝါရီ ၅ ရက်က လက်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

 

အဆိုပါ မှုခင်းအသိပညာပေးရာတွင် ဆောမြို့နယ် မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းထိုက်နှင့် တာဝန်ရှိ သူများက ကျေးရွာနေပြည်သူများအား သက်ငယ်မုဒိမ်းမဖြစ်ပွားရေး၊ မူးယစ်ဆေးဝါး အန္တရာယ် ကင်းရှင်းစေရေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာရေးနှင့် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး မှုခင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

 

ဇော်မျိုးသန့်(ပြန်/ဆက်)