မုံးကိုးမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက်  မဲစာရင်းထုတ်ပြန်ကြေညာပေး

မုံးကိုး ၂၉ ဇူလိုင်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင် မုံးကိုးမြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးနိုင်ရေးအတွက် မဲစာရင်းများထုတ်ပြန်ကြေညာခြင်းကို ဇူလိုင် ၂၅ ရက်မှ စတင်ပြီး မုံးကိုးမြို့၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီးရှိ သတ်မှတ်ထားသော နေရာများ တွင် ထုတ်ပြန်ကြေညာသည်။

 

မုံးကိုးမြို့တွင် ရက်ကွက် ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၁ အုပ်စုရှိပြီး မဲရုံ ၃၁ ရုံ၊ မဲဆန္ဒရှင်ဦးရေ ၁၅၅၆၇ ဦးရှိကြောင်း သိရသည်။

 

ဆက်လက်ပြီး ပြည်သူများက မဲစာရင်းလာရောက်ကြည့်ရှုမှု အခြေအနေနှင့် အမည်စာရင်းများ ကပ်ထားမှုအခြေအနေတို့ကို ယနေ့နံနက် ၁၀ နာရီက မြို့အုပ်ချုပ်ရေးမှူးဦးမျိုးလွင်နှင့် တာဝန်ရှိသူများ က လာရောက်ကြည့်ရှု လေ့လာခဲ့ကြောင်း သိရသည်။

 

 သန်းဇော်ဦး(ပြန်/ဆက်)