မုံးကိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူ

မုံးကိုး ၁၉  ဇန်နဝါရီ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မုံးကိုးမြို့တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းကို ယမန်နေ့မှစတင်၍ မုံးကိုးမြို့၊ အမှတ်(၃)ရပ်ကွက်နှင့် တာချင့်ကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်သည်။

“မူဆယ်မြို့မှာ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းကို ကောက်ယူပြီးနောက် မုံးကိုးမြို့ကို လာရောက်ကောက်ယူရခြင်း ဖြစ်ပါတယ်၊ ဒီလိုလာရောက်ကောက်ယူတဲ့အချိန်မှာ ဘာသာစကားမတူကြတဲ့အတွက် မေးခွန်းတွ မေးမြန်းတဲ့အချိန်မှာ အခက်အခဲ နည်းနည်းရှိတယ်၊ ဒါကြောင့် ဘာသာပြန်ပေးဖို့ ဒေသခံကို ခေါ်ရပါတယ်၊ တစ်ချို့အသက်ကြီးပိုင်းတွေက သူတို့ရဲ့ မွေးစာရင်းအထောက်အထား မရှိတဲ့ သူတွေလည်း ရှိပါတယ်၊ ဒါကြောင့် အချိန်နည်းနည်းယူပြီးတော့ အကောင်းဆုံးဖြစ်အောင် ကောက်ယူနေပါတယ်” ဟု ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲတစ်ချို့ကို ဦးရှိုင်းအောင်ဂျာက ပြောသည်။

အဆိုပါ ၂၀၁၉ ခုနှစ်၊ ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်း ကောက်ယူရာ၌ ကောက်ကွက်တစ်ခုလျှင် အိမ်ထောင်စု ၃၅ စုကို ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)