မုံရွာမြို့ ပြည်သူ့အားကစားကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ (၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်

မုံရွာ  ၂၉  ဇွန် 
    

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ယခုအခါတွင် (၃၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်၏ ပြောကြားချက်အရ သိရသည်။
    

“ဘောလုံးကွင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို အခုနှစ်ဧပြီလမှာ စတင်ခဲ့တာပါ၊ အခုဘဏ္ဍာနှစ် အတွင်းမှာအပြီး လုပ်ဆောင်သွားမှာ ဖြစ်တယ်၊ ဆလိုက်မီးမောင်းအတွက် ကျင်းတူးတာတွေလုပ်ပြီးပြီ၊ (၃၁၅)ကေဗွီ ထရန်စဖော်မာတပ်ဆင် ပြီးပြီ၊ ပွဲကြည့်စင်အမိုးမိုးခြင်းအတွက် တိုင်တွေထူပြီးပြီအမိုးမိုးဖို့ကျန်သေးတယ်၊ (Synthetic)ခင်းဖို့ အောက်အလွှာဖြစ်တဲ့ (AC)လွှာခင်းပြီးသွားပြီ၊ လုပ်ငန်းအားလုံးရဲ့(၃၀)ရာခိုင်နှုန်းပြီးသွားပါပြီ”  ဟု စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။
    

ပြည်သူ့အားကစားကွင်းအတွင်းရှိ ဘောလုံးကွင်းအားအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ပြည်ထောင်စုဘတ်ဂျက်မှ ငွေကျပ်(၂၆၁ ဒသမ ၉)သန်း၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေမှ ငွေကျပ်(၂၄၂ ဒသမ ၃) သန်း စုစုပေါင်း ငွေကျပ်(၅၀၄) သန်းဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ဝင်းဦး(ဇေယျာတိုင်း)