မုံရွာမြို့၌ ကားဆီတိုင်ကီပေါက်ကွဲမှုဖြစ်ပွား၊ အမျိုးသား ၁ ဦး သေဆုံး

နေပြည်တော် ၁၉ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက်ရှိ ကောင်းမြတ်ကြယ်စင်ဟိန်း ကုန်တင်ယာဉ် ကားဂိတ်ဝင်း အတွင်း၌ ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ကားဆီတိုင်ကီပေါက်ကွဲ၍ အမျိုးသားတစ်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။

 

ဖြစ်စဉ်မှာ စက်မှုဇုန်ရပ်ကွက်နေ ဦးမောင်ကြီး(၄၃)နှစ်သည် SGG-7L/xxxx ၂၂ ဘီး မော်တော်ယာဉ်၏ ကားဆီတိုင်ကီအား တစ်ဦးတည်း ဖြုတ်နေစဉ် ကားဘထ္ထရီအိုး အပေါင်း၊ အနုတ် ၂ ခု ထိမိရာမှ ရှော့ဖြစ်၍ ဆီတိုင်ကီပေါက်ကွဲကာ ဒဏ်ရာများရရှိပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။

 

MDN