မုံရွာမြို့ရှိ ဘုရား၊ စေတီပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညို၊ အပန်းဖြေနေရာများ၌ အများပြည်သူများဖြင့် စည်ကား 

မုံရွာ အောက်တိုဘာ ၉

ယနေ့သည် ၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ သီတင်းကျွတ် ရုံးပိတ်ရက်ဖြစ်သည်နှင့်အညီ မုံရွာမြို့ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ မုံရွာမြို့ပေါ်ရှိ ရွှေစည်းခုံစေတီတော်မြတ်ကြီး၊ ဆုတောင်းပြည့် စေတီတော်မြတ်ကြီးနှင့် အခြား ဘုရား၊ စေတီပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော်ကြည်ညို ကုသိုလ်ယူခဲ့ကြသည်။

မုံရွာမြို့နယ်အတွင်းရှိ ရပ်ကွက်၊ လမ်းများပေါ်တွင်လည်း ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး ကန်သာယာကန်တို့၌လည်း သီတင်းကျွတ်ရုံးပိတ်ရက် လာရောက်အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။

အလားတူ ညပိုင်းတွင်လည်း လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊  အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့် မီးအလှများတပ်ဆင်ထားရှိပြီး ပြည်သူများ လာရောက်အနားယူ အပန်းဖြေလျက်ရှိကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)