မုံရွာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲ ကျင်းပ

မုံရွာ  ၄  ဖေဖော်ဝါရီ  

 

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချစ်ကြည်ရေး အမျိုးသမီးဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၃ ရက် ညနေ  ၃  နာရီက  မုံရွာမြို့  ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

1

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က  ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ  Mr. Shri Y. Khemchand Singh က အမှာစကား ပြောကြားခဲ့သည်။

 

2

 

အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု (စစ်ကိုင်းတိုင်းဒေသကြီး) အားကစားနှင့် ကာယပညာသိပ္ပံ အမျိုးသမီး အသင်းနှင့် အိန္ဒိယနိုင်ငံ ကိုယ်စားပြု မဏိပူရ်ပြည်နယ်(ခ) အမျိုးသမီးအသင်းတို့  ယှဉ်ပြိုင်ကစားကြရာ (စစ်ကိုင်းတိုင်းဒေသကြီး) အားကစားနှင့် ကာယပညာသိပ္ပံ  အမျိုးသမီးအသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

 

5

 

ထို့နေက် ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သော  မြန်မာနိုင်ငံကိုယ်စားပြု  စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ အမျိုးသမီးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးဒေါ်တင့်တင့် (စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ  နာယက)က ပထမ တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အိန္ဒိယနိုင်ငံ ကိုယ်စားပြု မဏိပူရ်ပြည်နယ်(ခ) အမျိုးသမီးအသင်းအား စစ်ကိုင်းတိုင်းဒေသကြီး   အမျိုးသမီးရေးရာကော်မတီ  ဥက္ကဌ ဒေါ်မာမာဝင်းက ဒုတိယဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ထွန်းကိုကို(ယင်းမာပင်)

 

666