"မှုံရွှေရည်"ရုပ်ရှင်ဇာတ်ကား စကားဝိုင်းဆွေးနွေးပွဲ

မှတ်တမ်း - သီတာဌေး (ပြန်/ဆက်)

 

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များနှင့် ဖျော်ဖြေပွဲများ ရပ်ဆိုင်းထားချိန်တွင် ပြည်သူများ အပန်းဖြေကြည့်ရှုနိုင်ရန်အတွက် မြန်မာ့ရိုးရာသင်္ကြန်၏ ပုံရိပ်ကိုထင်ဟပ်စေသည့် ‘မှုံရွှေရည်’ ရုပ်ရှင်ဇာတ်ကား၌ ပါဝင်ခဲ့ကြသော အနုပညာရှင်၊ အတတ်ပညာရှင်များ၏ စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါစကားဝိုင်းတွင် အစီအစဉ်မှူးအဖြစ် အကယ်ဒမီ ဆွေဇင်ထိုက်၊ “မှုံရွှေရည်” ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် အကယ်ဒမီ ဦးအောင်လွင် တို့က ပါဝင်ဆွေးနွေးခဲ့ပြီး ယင်းဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့သူ ဒေါ်စန္ဒာလင်းကလည်း အမေရိကန် ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ဖဲဖက်စ်မြို့မှ Video Call ဖြင့် ပါဝင်ဆွေးနွေးမှုများကို ဖော်ပြလိုက်ရပါသည်-

1458

 

အကယ်ဒမီ ဆွေဇင်ထိုက်

ကျွန်မတို့ရဲ့ သင်္ကြန်ရင်ခုန်သံဆိုတဲ့ ဒီစကားဝိုင်း ဆွေးနွေးပွဲမှာ ဒီကနေ့ ဆွေးနွေးဖို့အတွက် ရွေးချယ်ထား တဲ့ ရုပ်ရှင်ကားထုပ်ကတော့ မှုံရွှေရည်ကားထုပ် ဖြစ်ပါ တယ်။ ကျွန်မတို့အတွက် ဂန္ထဝင်လည်းမြောက်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း ထူးချွန်တယ်။ ပါဝင် ထားတဲ့၊ တီးခတ်ထားတဲ့ သီချင်းဂီတတွေကလည်း ဘက်စုံကနေပြီးတော့ တော်တာကို တွေ့ရပါတယ်။ မင်္ဂလာပါ ပါပါး။ မင်္ဂလာပါ မစန္ဒာရှင့်။ အခုလိုမျိုး ကျွန်မ တို့ရဲ့သင်္ကြန်ရင်ခုန်သံအနေနဲ့ မှုံရွှေရည်ဇာတ်ကားနဲ့ ပတ်သက်ပြီးတော့ပြောတဲ့ စကားဝိုင်းလေးကို အမေရိကန် နိုင်ငံကနေပြီးတော့ ပါဝင်ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးဥပကာရအထူးပဲ ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့အကြောင်း ပထမဆုံး ပြောလိုပါတယ်။ ရုပ်ရှင်ထဲမှာ မောင်နှမ နှစ်ယောက်က တစ်ယောက်ကလည်း စန္ဒရား တီး၊ တစ်ယောက်ကလည်း ကပေါ့။ ဒီလိုမျိုးကို ကိုယ်ရိုက် ခဲ့ရတာဟာ ဒီရုပ်ရှင် ကားထုပ်ကြီးရဲ့ Main Theme ကြီး ဖြစ်ပါတယ်။ အဲဒီ Story ပေါ့၊ မှုံရွှေရည်ဘယ်လိုလေးများ ဖြစ်လာလဲဆိုတာကို မှတ်မိသလောက်ကလေး သိချင်ပါ သေးတယ်။

သရုပ်ဆောင် စန္ဒာလင်း

ဟုတ်ကဲ့ မှတ်မိသလောက်ဆိုရင်တော့ အဲဒီတုန်းက လည်း ဦးဝင်းဦးပဲ ပြန်ပြောပြတာပေါ့။ သူ မှုံရွှေရည် ဇာတ်လမ်းလေးကို ဘယ်လိုရေးဖြစ်သွားသလဲဆိုတာ ပြောပြတော့ အဲဒီတုန်းက တိုင်းနဲ့ ပြည်နယ် ဘောလုံးပွဲ တွေ ရှိတယ်လေ။ ဧရာ၀တီတိုင်းက အဲဒီနှစ်မှာ ဖလားရ သွားတော့ ဒီဘောလုံးသမားတွေကို ဂုဏ်ပြုတဲ့ပွဲ လုပ်ပါ တယ်။ ဒက်ဒီတို့၊ ပါပါးတို့က ဧရာ၀တီသားတွေ၊ ဘိုကလေးသားတွေ ဖြစ်နေတော့ ဒက်ဒီတို့၊ ပါပါးတို့ကပဲ သီဆိုကခုန်တာကို တာဝန်ယူပြီး လုပ်ရပါတယ်။ လုပ်ရ တဲ့ အခါကျတော့ ဦးဝင်းဦးကိုလည်း ဖိတ်တယ်။ အဲဒီ အချိန်မှာ ကျွန်မကလည်း ပန်တျာကျောင်းမှာ အကသင် နေပြီဆိုတော့ ညဘက်အငြိမ့်ကို လူပြက်ကြီးတွေဖြစ်တဲ့ ဦးပလာတာတို့၊ ဦးစံမတူတို့နဲ့ အငြိမ့်သွားကရတာပေါ့ နော်။ ဦးရွှေရိုးရယ်၊ ဦးစံမတူရယ်၊ ဦးပလာတာရယ်၊ ဦးသော်တာရယ် လေးယောက်ပါ။ အဲဒီလူပြက်ကြီးလေး ယောက်နဲ့ အငြိမ့်ကရတယ်။ ပြီးတော့ ဒက်ဒီက စန္ဒရား တီးပေးတယ်။ နောက်တစ်ခါ အကသွားသင်ရင် ကိုကိုကြီး ကလည်း ကျောင်းဆင်းတော့ လိုက်လိုက်လာတယ်။ အစ်ကိုကြီး ကိုမြတ်သူကလေ။ လိုက်လာတော့ သူအား နေတော့ ဒက်ဒီတို့ မာမီတို့က သူ့ကို ဗုံဝင်ဝင်တီးခိုင်း တယ်။ သူကလည်း အဲဒီမှာ ဗုံတီးသင်တော့။ အဲဒီ Dinner ညမှာလည်း ကျွန်မက ကတယ်၊ ကိုကိုကြီးက ဗုံတီး တယ်၊ ဒက်ဒီက စန္ဒရားတီးတယ်ပေါ့။ ဦးဝင်းဦးက အဲဒီ မြင်ကွင်း ကို မြင်သွားပြီးတော့ ဒီမှုံရွှေရည်ဇာတ်လမ်းလေး ကိုရေးဖို့ အကြံရသွားတယ်လို့ ပြောပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

တကယ့် Inspiration ဟာ ဂီတလုလင်ဦးကိုကိုနဲ့ မိသားစုကို အခြေတည်ပြီး ရိုက်ထားတဲ့ အတွက်ကြောင့် တကယ့်ကို ကျွန်မတို့ သဘင်ထဲမှာပါနေတဲ့ သဘင် ပညာရှင်တွေရဲ့ အခန်းကဏ္ဍကိုလည်း တွေ့ရတယ်။ နောက် မြန်မာ့ဂီတရဲ့ အခန်းကဏ္ဍကိုလည်း တွေ့ရတယ်။ နောက် စန္ဒရား ဆရာတစ်ယောက်ရဲ့ ပုံရိပ်ကိုလည်း သေသေချာချာ မြင်ရတာဖြစ်ပါတယ်။ နောက်သီချင်း လေးလည်း ဆိုတယ်နော်။ ကိုယ်တိုင်ဆိုထားတဲ့သီချင်းလေးကို စင်ပေါ်မှာတော့ သီချင်းဟာ Play Back အနေနဲ့ ဆိုထားတာလို့ ထင်ပါတယ်။ အဲဒီသီချင်းသွင်းခဲ့တဲ့ အကြောင်းလေးလည်း မှတ်မိသလောက် ပြောပြပါဦး။

သရုပ်ဆောင် စန္ဒာလင်း

အဲဒီမှုံရွှေရည်ထဲက သီချင်းတွေကတော့ များသော အားဖြင့် စမ်းချောင်းမှာရှိတဲ့ မဟာမြိုင် ရုပ်ရှင်ခြံ၊ အေဝမ်းခြံ လို့လည်း ခေါ်တယ်။ မဟာမြိုင်ခြံမှာ သွင်းပါတယ်။ သီချင်း သွင်းပြီဆိုရင်တော့ ထုံးစံအတိုင်းပဲ ဒက်ဒီက အသံချပေး တယ်။ အသံသွင်းတယ်။ စင်ပေါ်မှာကတဲ့ သီချင်းတွေ အကုန် လုံးကတော့ Play Back သွင်းထားတာပေါ့နော်။ ကြိုပြီးသွင်း ထားပြီးတော့မှ သီချင်းဖွင့်ပြီး ကတာပါ။ ထန်းတောထဲမှာ တုန်းကတော့ တိုက်ရိုက် အဲဒီမှာပဲဆိုပြီးတော့၊ အဲဒီမှာပဲ ကပြီးတော့ လုပ်တာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်

သိပ်တော်တာပဲ။ ချက်ချင်းကြီးကို ဆိုနိုင်တာ။ မစန္ဒာ တို့ရိုက်ခဲ့တဲ့ မှုံရွှေရည်ကားကို ကြည့်တဲ့အခါ ကျွန်မ သေသေ ချာချာ သတိထားမိတဲ့အခန်း နှစ်ခန်းပါတယ်။ ပထမတစ်ခန်း ကတော့ မှုံရွှေရည်ဆိုတဲ့ ရေပက်ခံကားကြီးနဲ့ ကရင်းကနေ ဝင်လာကြပြီးတော့ မန္တလေးထန်းတောထဲမှာ ရိုက်တာ ပေါ့နော်။ အဲဒီမှာ ဝင်လာရင်းကနေပြီးတော့ အဖေလုပ်တဲ့ သူနဲ့တွေ့တဲ့အခါကျတော့ ပျော်ရွှင်စရာ ကောင်းတဲ့ သီချင်း သံလေးကနေ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းသံလေးကို ပြောင်းသွားတာ တွေ့တယ်ပေါ့။ အဲဒီမှာ အဲဒီနေ့တုန်းကရိုက် ခဲ့တဲ့ ဒီသီချင်းအကြောင်းတွေ၊ သရုပ်ဆောင်ရတဲ့ ခံစားမှု အကြောင်းတွေပေါ့နော်။ အဲဒါတွေကို ဘယ်သူတွေက ဘယ်လိုသင်ပြီးတော့ ဘယ်လောက်ထိအောင်တောင်မှ အားစိုက်ပြီးတော့ လုပ်ခဲ့သလဲဆိုတဲ့အကြောင်းကို မျှဝေ ပြောပြပါဦး။

သရုပ်ဆောင် စန္ဒာလင်း

ရိုက်တုန်းက ဒီသီချင်းနဲ့ ရေပက်ခံကားကြီးနဲ့ လျှောက် သွားကြမယ်။ ပြီးရင် အဲဒီထန်းတောထဲကို ဝင်လာမယ်။ ထန်းတောထဲကို ရောက်လို့ရှိရင် ကားရပ်လိုက်ရင် အဖေကို တွေ့တဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်ကြီးနဲ့ ကပြီးတော့ အဖေ ဆီကို ဆင်းလာတဲ့ပုံစံလုပ်ပေါ့ဆိုပြီးတော့ ပြောတယ်။ သီချင်းသင်ပေးတာကတော့ ဒက်ဒီနဲ့ ဦးဝင်းဦးနဲ့က သင်ပေး ပါတယ်။ ဒါပေမယ့် ဘယ်လို အမူအရာလေးနဲ့ သွားရမယ်။ ဘယ်လိုပြုံးပြုံးရွှင်ရွှင်လေးနဲ့ သွားရမယ်ဆိုတာတော့ ဦးဝင်းဦးနဲ့ ကျွန်မအမေ မာမီနဲ့က သင်ပေးတာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်

သိပ်ကို ကောင်းပါတယ်။ အဲဒီအချိန်လေးမှာလေ အိုက်တင်က ချက်ချင်းပြောင်းသွားတယ်နော်။ အိုက်တင် လေးက စိတ်ပျော်ရွှင်စွာနဲ့လာနေရင်းကနေ ပြောင်းသွား တယ်။ ပြောင်းသွားပြီးတော့ အသံလေးကပါ ဝမ်းနည်းစရာ လေး ဖြစ်သွားတယ်။ အဲဒီလိုဖြစ်သွားဖို့ကို ဘယ်လိုမျိုး ရိုက်ခဲ့ရလဲဆိုတာ ပြောပြပါဦး။

3654

 

သရုပ်ဆောင် စန္ဒာလင်း

အဲဒီတုန်းကလေ တကယ်ကြီးဖြစ်သွားတာ ဆိုတော့ သိပ်ပြီးတော့တောင် ဟန်ဆောင် မလေ့ကျင့်လိုက်ရဘူး။ အနားလည်းရောက်ရော ဗြုန်းစားကြီး ဆံပင်ဆွဲပြီး ပါးရိုက် တာခံလိုက်ရတော့ ကိုယ်လည်း ဒီလိုမျိုးခံရမယ်ဆိုတာ မမျှော်လင့်ထားဘူးလေ။ သိပ်လည်း လန့်သွားတာပေါ့ နော်။ လဲကျသွားအောင်ကို သူက ရိုက်ထည့်လိုက်တာ။ ကြောင်ကြောင်ကြီး ဖြစ်သွားပြီးတော့မှ တစ်ခါ ချက်ချင်း ပြန်ဆွဲထခိုင်းပြီးတော့မှ သူက ဆက်တိုက်စကားတွေ မေး တာပေါ့နော်။ မေးတဲ့အချိန်မှာ ကိုယ်က ပြန်ဖြေရတာတွေကို သင်ရတာပေါ့လေ။ သိပ်ကြောက်နေတာ။ နောက်ပြီးတော့ အဲဒီအချိန်မှာ နာတော့ တကယ်လည်း ငိုနေတဲ့အချိန်ဆိုတော့ ဟန်ဆောင်တာတွေ ဘာတွေ သိပ်မလုပ်လိုက်ရဘူး။ တကယ်လိုမျိုး ဖြစ်သွားတာ။

အကယ်ဒမီ ဆွေဇင်ထိုက်

သရုပ်ဆောင်မှုက ပြောင်မြောက်သွားတာပေါ့။ အဲဒီ အချိန်မှာ ဦးဝင်းဦးက သူ့သမီးလေးကို သူဘယ်လို မျှော်လင့် ထားသလဲဆိုတဲ့ Definition လေးကို ပြောပြသွားတာပေါ့။ ဘယ်လို ယဉ်ကျေးရမယ်။ အငြိမ့်မင်းသမီးအဖြစ် မလိုချင် ဘူး။ သန့်ရှင်းရမယ်ဆိုတဲ့ဟာတွေကို ပြောပြတာပေါ့။ အဲဒီ အချိန်လည်းပဲ သရုပ်ဆောင်တဲ့ ကလေးက ကြည်လင်စွာနဲ့ပဲ အပေးအယူမျှမျှနဲ့ သရုပ်ဆောင်တာ တွေ့ရတယ်။ ကျွန်မ ကလေ အလွန်မှ ချီးကျူးပါတယ်။ ဒီရုပ်ရှင်ကားထုပ် မှုံရွှေရည်ကို ထုတ်ဖို့လုပ်တာက အပေါင်းလက္ခဏာရုပ်ရှင် ဖြစ်ပါတယ်။ အဲဒီ အပေါင်းလက္ခဏာရုပ်ရှင်မှာလည်း နောက်ကြောင်းလေးတွေ ပရိသတ်သိဖို့အကြောင်းလေးတွေ လိုတယ်လို့ ထင်ပါတယ်။ ဒါလေးကို ရှင်းပြပေးပါဦး ပါပါး။

အကယ်ဒမီ အောင်လွင်

အပေါင်းလက္ခဏာရုပ်ရှင်ဆိုတာက ၁၉၅၈ ခု၊ ကျွန်တော်တို့ မခင်နှင်းဆီတို့ ရေးခဲ့တဲ့ သီချင်းရေးဆရာ၊ ဒါရိုက်တာ၊ မင်းသား ကိုမြတ်လေးရဲ့ ကုမ္ပဏီနာမည် ဖြစ်ပါတယ်။ ဒီအပေါင်းလက္ခဏာ နာမည်ကိုတော့ ပထမဆုံး သူ့ရဲ့ ဇာတ်ကားဖြစ်တဲ့ ပင်လုံထိပ်ထားဦးဆို တဲ့ ဇာတ်ကားကို ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီဖြစ်ပါတယ်။ အပေါင်းလက္ခဏာသည် ဦးမြတ်လေးရိုက်ပြီးတော့ အတော်လေးပြန်မှိန်သွားပါတယ်။ ဒါကို ပြန်ဖော်ထုတ်ဖို့ ဦးမြတ်လေးကို နောက်ပိုင်းမှာ ပိုင်ရှင်ဖြစ်လာတဲ့ ဦးကိုကိုကြီးက ခေါ်ပြီးတော့ သူငယ်ချင်း အချင်းချင်း ပြောတယ်။ ဒီဇာတ်လမ်းကျဖို့၊ ထုတ်လုပ်ခွင့် ကျဖို့ကို ခေါင်သူကြီးတစ်ယောက်လိုတယ်။ အဲဒီမှာ ကျွန်တော်တို့ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ရဲဘော် သုံးကျိပ်ထဲက ဗိုလ်မှူးတာရာ (ဗိုလ်တာရာ) ကို ခေါင်းတပ်ပြီးတော့ အပေါင်းလက္ခဏာ ပြန်လျှောက်တယ်။ အပေါင်း လက္ခဏာရုပ်ရှင်ကျတယ်။ ကျတဲ့အခါမှာ ၁၉၆၇ ခု ကျွန်တော်နဲ့ ဦးဝင်းဦးနဲ့က ဆောင်းအိပ်မက်ကား ဆက်နေစဉ် ကာလ ဖြစ်တယ်။ အနီးစပ်ဆုံးအဖြစ် ဦးဝင်းဦး ကို မင်းသားအဖြစ်၊ ဒါရိုက်တာအဖြစ် တာဝန်ပေးဖို့ သူတို့ စိတ်ကူးကြတယ်။ စိတ်ကူးတဲ့အခါကျတော့လည်း ဘယ် ကစလဲဆိုရင် အောင်လွင်ကြီးပြောရင် ဝင်းဦးက ရပါ တယ်ကွာ ဆိုပြီးတော့ အပေါင်းလက္ခဏာက စခဲ့တာပါပဲ။

ဒီမှုံရွှေရည်ကိုလည်း ဦးဝင်းဦးအနေနဲ့ ဇာတ်တစ်ခု အနေနဲ့ ရွေးထားတာကြာပြီ။ သူက ဘယ်လိုဖြစ်လဲ ဆိုတော့ ကျွန်တော်တို့နဲ့ အတူတူ သွားသွားလာလာ နေတဲ့အခါမှာ သူ့ကိုယ်သူ ဇာတ်လမ်းပြောသလိုလို၊ ကိုယ်တွေကို ပြောသလိုလို သူပြောတတ်တယ်။ တစ်ခါ တလေ မေးရတယ်၊ ခင်ဗျားဘာသာ ခင်ဗျားပြောနေတာ လား၊ ကျုပ်ကို ပြောနေတာလားပေါ့။ အဲဒီလိုမေးရတာ ပေါ့နော်။ အဲဒီလို မွေးထားတဲ့ဇာတ်လေးရှိတယ်။ အပေါင်း လက္ခဏာကို ဒါကိုရိုက်ပေးမယ်ဆိုပြီးတော့ မှုံရွှေရည် ဆိုတာ ဇာတ်လမ်းစခဲ့တာပဲ ဖြစ်ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

ဟုတ်ကဲ့ပါ။ ကျွန်မသတိထားမိတာတော့ အနုပညာ သည် မှတ်တမ်းဆိုတဲ့ အယ်လ်ဘမ်လေး တစ်ခုကို လှန် လိုက်တာနဲ့ အနုပညာသည်မှတ်တမ်းဆိုတဲ့ အယ်လ်ဘမ် လေးကို ပြန်ပိတ်လိုက်တာနဲ့ ဆုံးသွားတာပေါ့နော်။ ဂီတ လုလင်ဦးကိုကိုတို့၊ ဗိုလ်ကလေးတင့်အောင်တို့ဆိုတာ အင်မတန်မှ၊ အလွန်တရာမှ၊ ကျွန်မတို့ရဲ့ အနုပညာ လောကမှာ၊ ဂီတလောကမှာ အားကိုးရတဲ့ဂန္ထဝင်ဆရာ တွေ ဖြစ်ပါတယ်။ သူတို့ရဲ့သီချင်းတွေက ဇာတ်ကားတွေ ရဲ့ နိမိတ်ပုံကို ပြတယ်လို့ ပြောတာကို ကြားဖူးတယ်ပေါ့။ အဲဒီအကြောင်းနဲ့ ပတ်သက်လို့ ပြောပြပေးပါဦး ပါပါး။

အကယ်ဒမီ အောင်လွင်

ပထမတစ်ခုပြောချင်တာကတော့ မှုံရွှေရည်ဆိုတဲ့ သီချင်းက နှစ်ပုဒ်ရှိတယ်။ ပထမ ဒဂုံတင်ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရေးတာ ရှိပါတယ်။ သူကတော့ မှုန်ရွှေရည် ခိုင်မာလာနှင်းဆီ မိုင်ဒါလင် ဆွိတီ ဘာညာနဲ့ စာသားမတူ ပါဘူး။ သူကတော့ မဟထိုး တစ်ချောင်းငင် နသတ်နဲ့ မှုန်ထားတယ်။ သေးသေးတင်နဲ့ မှုံတာကတော့ ဂီတ လုလင်ဦးကိုကိုက ရေးခဲ့တာဖြစ်ပါတယ်။ ကျွန်တော့် ဆရာ ဗိုလ်ကလေးတင့်အောင်ကို မေးကြည့်တဲ့အခါကျ တော့ ဒီနေ့ ဂန္ထဝင်သီချင်းထဲမှာ ပါသွားပြီ။ မျက်ဝန်း လဲ့ပြာပြာဆိုတဲ့သီချင်းဟာ မေးကြည့်တော့ အစ်ကိုလေး ဒီသီချင်းကို ဘာဖြစ်လို့ ဒီလိုရေးတာလဲဆိုတော့ ဒီကောင်ငါ့ကို အဲဒီလို လာပြောတယ်ကွ၊

သူ့ရဲ့ ဇာတ်အနေအထား၊ သူက မင်းသမီးကို ကြိုက်နေ တယ်၊ မပြောရဲဘူး။ ဟိုကလည်း သူ့ကို ကြိုက်နေတယ်၊ ဟိုကလည်း မပြောရဲဘူး။ ဒါပေမယ့်လို့ ဒီသီချင်းနဲ့ ဖော်ချင်တယ်။ မြန်မာ့ရုပ်ရှင်ဟာ အများအားဖြင့် ဟိုးစဉ်တည်းကိုက တေးဂီတနဲ့ သရုပ်ဖော်တာများတယ်။ ချစ်တယ်၊ မုန်းတယ်၊ ဝမ်းနည်းတယ်၊ လွမ်းတယ်၊ ဆွေးတယ် စသည်အားဖြင့် ဖော်တာများတော့ ဒီဇာတ်ကို မျက်ဝန်းလဲ့ပြာပြာနဲ့ ဖော်တယ်။ ဖော်တဲ့အခါမှာလည်း တစ်ယောက်က ဇာတ်ဆရာ၊ သူ့ကို အချိန်မရွေးပြောလို့ရ တယ်၊ မပြောရဲဘူး။ တစ်ယောက်ကလည်း ကိုယ့်ထက် အကြီး ဖြစ်နေတယ်၊ ဇာတ်ဆရာဖြစ်နေတယ်၊ ကျွန်မရှင့် ကိုကြိုက်တယ်လို့ မပြောရဲဘူး။ အဲဒီ မျက်ဝန်းလဲ့ပြာပြာ သီချင်းလေးက ဆရာဗိုလ်ကလေးတင့်အောင် ရေးခဲ့တယ်။ ဒီသီချင်းဟာ ပရိသတ်ခေါင်းထဲမှာ စွဲသွားတဲ့အချိန်မှာ ဒီတစ်ယောက်နဲ့ ဒီတစ်ယောက်နဲ့ဟာ ကြိုက်နေမှန်း သိပြီးတော့ အုံ့ပုန်းဖြစ်နေတယ်ဆိုတဲ့ Character လေးကို ဖော်ထားတာ တွေ့ရပါတယ်။

 

1258

 

ဒီမှုံရွှေရည်ဇာတ်ကားဟာ ရုပ်ရှင်သာပြောတယ်။ ဇာတ်သဘင်နဲ့ ပြဇာတ်နဲ့ နွှယ်တဲ့ ရုပ်ရှင် ဖြစ်နေတဲ့ အတွက် ဦးကိုကိုအတွက် အပြီးအပိုင် သူလုပ်ချင်သလို လုပ်လို့ရတဲ့ အခွင့်အရေးကြီး တစ်ခုရသွားတယ်လို့ မြင် တယ်။ နောက်တစ်ခါ ဒီကားထဲမှာ အဓိက မြင့်သူလို့ခေါ် တဲ့ တီးဝိုင်းဆရာအတွက် ပြဿနာဖြစ်မယ့် သားနဲ့ သမီး ကလည်း ဦးကိုကိုရဲ့ သားနဲ့သမီး ထည့်ထားတဲ့အတွက် သူက ကလေးတွေအတွက်ပါ သူက အားရှိပြီးတော့ ဂီတ ကို အမျိုးစုံဖန်တီးပါတယ်။ ဆရာဦးကိုကို အကြောင်း ပြောမယ်ဆိုရင် တေးသရုပ်ဖော်တီးတဲ့နေရာမှာ သူ့ကို ဘယ်သူမှ မမီဘူး။ ဒီကားထဲမှာလည်း ဦးဝင်းဦးက ဇာတ် ကို အသေလုပ်တာ။ သူက ဂီတကို အသေလုပ်တာ။ ကျွန်တော်က ကားဆက်တာကို ဒုက္ခခံတယ်။ အဲဒီတော့ ကားပိုင်းက ပေါင်းလိုက်တဲ့အခါမှာ ၂၆ ပိုင်းတိတိ ရှိတယ်။ မှတ်မှတ်ရရပေါ့နော်။ ညလုံးပေါက် ကျွန်တော်တို့ ဒီဇာတ်ကြီးကို ဆင်ဆာကြည့်ဖို့ အဲဒီတုန်းက လေတပ်က ဗိုလ်ချုပ်သောင်းဒန် ရှိသေးတယ်။ လူကြီးတွေပါ လာ ကြည့်တာ။ ည ၁ နာရီအထိ ကြည့်နေတုန်း။ ကားကူးတာ ဆေးတာ မပြီးသေးဘူး။ ဖြုတ်ပြီးတော့ ယူသွားပြီး ပြရတဲ့ ဘဝကို ရောက်တယ်။ အဲဒီကနေမှ ၁၂ ပိုင်း၊ ၁၃ ပိုင်း ကျန်အောင် ကျွန်တော်တို့ လုပ်ခဲ့ရတယ်။ ဂီတ လုလင် သည် ဥပမာ ရွှေနွယ်ရိုးဆိုတဲ့သီချင်းကို ဂီတသမားပဲ သိပါတယ်။ အဲဒီလို သီချင်းမျိုးကိုလည်း သူက ကောင်မလေး ခိုးရာလိုက်တဲ့နေရာမှာ ပြန်တီးထားတယ်။ သီချင်းကိုလည်း သူက ပုံစံအမျိုးမျိုးနဲ့ တီးတယ်။ ဒီ ဇာတ်ကားမှာ ပေါ်ပေါက်မယ့်အကြောင်းအရာတွေမှာ သုံးစွဲမယ့်ဂီတတွေကို အဖဲ့ အဖဲ့လေးတွေ Pice by Pice ထည့်ပြီးတော့ ပြန်ကစားတာပါ။ အဲဒီတော့ မှုံရွှေရည်ကို ပြန်ကြည့် မယ်ဆိုလို့ရှိရင် မှုံရွှေရည်ဆိုတဲ့ သီချင်းတစ်ပုဒ် တည်းကို အတီးမျိုးစုံနဲ့ လက်ဆော့ထားတာ တွေ့ရ ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

Version အမျိုးမျိုးပေါ့။ အဲဒီ Version အမျိုးမျိုး ကလည်း အဲဒီအခန်းတွေက Theme နဲ့ လိုက်ပါတယ်။ အဲဒီလိုမျိုး တီထွင်မှုကို ကျွန်မ ဘာလင်မှာ ဂျိမ်းစ်ဘွန်းရဲ့ Score ကိုလေ တီထွင်ခဲ့တဲ့ ဆရာကြီးရဲ့ အင်တာဗျူး ဟောပြောပွဲကို ကျွန်မသွားခဲ့ပါတယ်။ သွားတုန်းက ကြည့်ရင်း ကြည့်ရင်းနဲ့ ဒီကားကို ပြန်သတိရသွားတယ်။ ဒီအချိန်တုန်းကသာ ဂီတဆိုတာကို အကယ်ဒမီပေးခဲ့ မယ်ဆိုရင် ဒီကားက ရမှာပဲလို့။ ဘာလို့လဲဆိုတော့ ဦးကိုကိုရဲ့ အချိန်ကို ရောက်လာတဲ့အချိန်မှာ ဒီမှုံရွှေရည် ကနေ စပြီးတော့မှ နောက်ခံတေးဂီတတီးတဲ့ Wave တစ်ခု ပြောင်းသွားတယ်။ အချိုးအကွေ့တစ်ခုကို ရောက်သွား တယ်။ Theme Song ကိုလည်း Theme Score ကိုလည်း ဂရုပြုရမယ်ဆိုတဲ့ဟာကိုလည်း တွေ့လိုက်ရတယ်။ ကျွန်မစိတ်ထဲမှာ အော်ပရာကြီးဆိုတာ မြန်မာပြည် မှာလေ မြို့မတို့ ဘာတို့လည်း စိတ်ကူးယဉ်ခဲ့ဖူးတာပေါ့။ ဒီမှုံရွှေရည်ထဲမှာတော့ အော်ပရာကြီးတစ်ခုပါတာပေါ့။ နိမိတ်ပုံလေးနဲ့ပြထားတာ။ အဲဒီအကြောင်းလေး ပြောပြ ပါဦး။

အကယ်ဒမီ အောင်လွင်

ဒီဇာတ်ကားမှာ သူဖြစ်စေချင်နေတဲ့ သူ့စိတ်ထဲမှာ ခံစားနေရတဲ့ အကြောင်းအရာကို အော်ပရာလုပ်ပြီး ကချင်တယ်။ ပရိသတ်ကိုလည်း ပြမယ်။ သူ့ရဲ့ဇနီးဖြစ် နေပြီဖြစ်တဲ့ မှုံကို သံသယ ရှိနေတယ်။ အဲဒီအတွက်ကို သူက ဘာလုပ်မလဲ။ ဒီအတွက်က ရိုးရိုးမဟုတ်ဘူး။ ပထမဆုံး မှုံရွှေရည်စဖွင့်လိုက်တဲ့အချိန်မှာ သိကြားမင်း လုပ်မယ့် ကျွန်တော်တို့ပြဇာတ်မင်းသား အသံကောင်း တဲ့ ခင်မောင်မြင့်ပျောက်နေတယ်။ အိမ်သာထဲမယ် အရက်သွားသောက်နေတယ်။ နောက်တစ်ခါကျတော့ သိကြားမင်း လုပ်တော့ နတ်ပြည်ရှစ်ထပ်လို့ ပြောတယ်။ ခင်ဗျားကို ဘယ်သူပြောလဲဆိုတော့ ဇာတ်ဆရာရဲ့ သြဇာလွှမ်းမိုးမှုကို ပြန်ပြတယ်။ ဒီအော်ပရာမှာ သူဘယ်လို သုံးမလဲ။ ဒီသိကြားမင်းကို သိကြားမင်းမှာ ဘဝဟောင်းက သားတစ်ယောက်ရှိတယ်။ ဣလိဿပေါ့။ ဣလိဿဟာ အရက်မူးပြီးတော့ ဆိုးပေနေတယ်။ အလှူအတန်းမရှိဘူး။ အဲဒီတော့ သူ့သားယောင်ဆောင်ပြီးတော့ ကိုယ်ပွားစိတ်တူ တစ်ယောက်ကို လွှတ်လိုက်တယ်။ ဒီပြဇာတ်ကို ကမယ် ကျွန်တော်တို့ ဆရာဦးဖိုးပါကြီး စပြောတဲ့အချိန်မှာ မယား ကတစ်ယောက် လင်ကနှစ်ယောက်ဆိုတဲ့ စကားကို ပြော တယ်။ နိမိတ်ပေးခဲ့တာပေါ့နော်။ နိမိတ်ပေးတာ အရမ်း မိုက်တယ်။ သိပ်စိတ်ကူးကောင်းတယ်။ အဲဒါအပြင်ကို အော်ပရာမှာ ဝိုင်းထဲက တီးဝိုင်းဆရာကလည်း ဝင်ပြော လို့ရတယ်။ အဲဒီမှာ မောင်မောင်က ဣလိဿလုပ်တဲ့သူက ဒွိစိတ္တလုပ်တဲ့ ခင်သန်းနုဆီကိုလာတယ်။ လာတဲ့အချိန်မှာ အရက်မူးပြီးတော့ စံမတူတို့၊ ရွှေရိုးတို့နဲ့ ပြန်လာတယ်။ အဲဒီအချိန်မှာ နှစ်ကိုယ်ခွဲ လုပ်ထားတော့ တခြားတစ်ယောက် နဲ့ အလှူအတန်းတွေလုပ်နေတော့ သူက ပြဿနာဖြစ်တယ်။ အဲဒီအချိန်မှာ သူက အောက်ကနေ ဘာတီးလဲဆိုတော့ မောင့်အပြင် နောက်လင်ထားပါလို့ နောက်မှ ပေါ်တဲ့ရွှေကြာ ပစ်သွားတဲ့အခါကျ ကိုယ့်မှာ သေဖို့ပဲရှိတယ်လို့ သူက နိမိတ်ပြပြောခဲ့တယ်။ ပြဇာတ်စင်ပေါ်မှာ လုပ်လို့မရတဲ့ နှစ်ကိုယ်ခွဲကို ဦးဝင်းဦးက လူလည်ကျပြီးတော့ ရုပ်ရှင်နဲ့ ညာချသွားတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

ဒီဇာတ်လမ်းလေးကို ကြည့်လိုက်တဲ့အခါကျတော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကို ရိုက်တဲ့နေရာမှာ ဦးဝင်းဦး ရဲ့တန်ဖိုးထားမှု၊ လူ့ဘဝကြီးမှာ တန်ဖိုးထားမှု အနုပညာ သည်ဆိုတာ သူ့ရဲ့ Personal Life နဲ့ သူ့ပုဂ္ဂလိက ခံစားချက် နဲ့ သူ့ရဲ့ Professional Pride ပေါ့။ အဲဒါနဲ့ ယှဉ်တွဲထားတာ တွေ့ရတယ်။ အဲဒီတော့ အဲဒီနေရာမှာ ပါပါးက Endergonic ဆိုတဲ့ နေရာကနေ ပါရတာပေါ့နော်။ ပါပါးက ချောလည်း ချောတယ်၊ ဆံပင်လေးကလည်း ကောက်ကောက်ကလေးနဲ့ စစ်ဗိုလ်ကြီး၊ အလွန်တရာမှ Smart ဖြစ်တယ်။ နောက်ပြီး တော့ သဘောထားလည်း တအားကြီးတယ်ဆိုတဲ့ ဟာကို ပေါ်တယ်ပေါ့။ အဲဒီ Character ကို သရုပ်ဆောင်ဖို့အတွက် ပါပါး ဘယ်လိုပြင်ဆင်ခဲ့သလဲ ဆိုတာလည်းပဲ ကျွန်မသိချင် ပါတယ်။

အကယ်ဒမီ အောင်လွင်

အဲဒါကတော့ ခုနပြောသလိုပေါ့။ ဦးဝင်းဦးနဲ့သွားရင်း ကနေ သူကပြောတယ်။ မင်းက ဘာလုပ်ပါ၊ ငါက ဘာလုပ် မယ်။ အဲဒီလိုပြောရင်းကနေပြီးတော့ Inspiration ရတယ် ဆိုပါတော့။ နောက်အမှတ်တရပြောမယ်ဆိုလို့ ရှိရင် ဗိုလ်မှူး လှအုန်းတို့ ဘာတို့ကလည်း ယူနီဖောင်းတွေ ဘာတွေ ဖြည့် ပေးတာပေါ့။ နောက်တစ်ခုက ဘာလုပ်ရလဲဆိုတော့ ကျွန်တော့်ရဲ့ ဆံပင်က အရမ်းကောက်တယ်။ အရမ်း ကောက်ကွေးပြီးတော့ Wave တွေများတယ်။ အဲဒီတော့ Gentelman ရုပ်မထွက်ဘူး။ အဲဒါလည်း ရုပ်ရှင်ရူးမလေးထဲ မှာ ထည့်ပြောဖူးပါတယ်။ Gentelman မဖြစ်တဲ့ အခါကျ တော့ ကိုယ့်ဟာကိုယ် Spray တွေ ဖျန်းပြီးတော့ တည်တည် တံ့တံ့နေတဲ့ စစ်ဗိုလ်လေးတစ်ယောက် ရုပ်ဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်ဖန်တီးရတာပေါ့နော်။

အကယ်ဒမီ ဆွေဇင်ထိုက်

မမနုရဲ့ Character ဆိုရင် သိပ်ကို Feminist ဖြစ်တာပဲ။ အမျိုးသမီးပီသတဲ့ Secondary Human Being ဒုတိယ အမျိုးအစားအနေနဲ့ နေတယ်။ မြန်မာအမျိုးသမီးတစ်ယောက် ရဲ့ တန်ဖိုးထားမှုပုံစံလေးကို တွေ့ရပါတယ်။ ပါပါးအနေနဲ့ နောက်ဆုံးခန်းကိုပေါ့နော်။ ရိုက်တဲ့နေရာမှာ သိပ်ကို ကောင်းတာ တွေ့ရပါတယ်။ အဲဒီတော့ နောက်ဆုံးခန်း လေးမှာရှိတဲ့ တစ်ယောက်နဲ့တစ်ယောက် လွန်ဆွဲတဲ့အခန်း ကလေးကို ပြောပြပါဦး။

အကယ်ဒမီ အောင်လွင်

ဦးဝင်းဦးသည် အရက်သမားဖြစ်နေပြီ။ သံသယတွေ များပြီးတော့ အရက်သမားဖြစ်နေပြီ။ သူက ဒါပြီးရင် သေရ တော့မယ်။ အဲဒီအခါကျတော့ သူကတွဲရမှာ အဲဒီအချိန် အဲဒီကာလမှာ ရက်ကျပ်တဲ့ မင်းသမီး ခင်သန်းနုနဲ့ တွဲရမှာ။ သူရတုန်းပြီးအောင်ရိုက်ရမှာ။ အဲဒီတော့ သူဘာလုပ်လဲ ဆိုတော့ အရက်တွေဖိသောက်တယ်။ ထမင်းမစားဘူးနေ တယ်။ ဝမ်းတွေပျက်တယ်။ မျက်တွင်းတွေကျတယ်။ အဲဒီ အတိုင်းနေတယ်။ နေတော့ အခုပြန်ကြည့်ပါ ဇာတ်သိမ်းခန်း ကို အကုန်စုတ်ပြတ်နေတာ။ သူက မျက်တွင်းတွေကျပြီး တော့ သေခါနီးကို အလိုလို သိနေတယ်။ အဲဒီအတွက်ကို ရိုက်တယ်။ အဲဒီလိုဇာတ်သိမ်းကို ရိုက်တယ်။ သူ့ရဲ့လူလည် ကျတာကို ပြောပြချင်တာ ရှိတယ်။ ဘာလဲဆိုတော့ အဲဒီ ကာလမှာ သူက သူသန့်သန့်ရှင်းရှင်း ကောင်းကောင်းမွန် မွန်နေတဲ့ ရုပ်တွေကို မရိုက်ဘူး။ ဖယ်ထားခဲ့တယ်၊ ချန်ထား ခဲ့တယ်။ သေတဲ့အခန်းကို အရင်ရိုက်တယ်။ ပြီးသွားပြီ။ အဲဒီကာလ ကျမှ သူ့ကိုယ်သူ စားသောက်ဝဖြိုးပြီးတော့မှ ငါ့အဲဒီအခန်းတွေ ပြန်ရိုက်မယ်ဆိုပြီးတော့မှ အဲဒီအခန်း တွေ အဲဒီ Close up တွေ ပြန်ထည့်တာ။ အဲဒီတော့ ကားဆက် က မပြီးဘူး။ ရန်ဖြစ်ကြတယ်။ ဒါတွေ မပြီးသေးဘူးလား။ ဟာ ဟိုအရုပ်တွေ မရသေးဘူးလေ။ မရသေးရင် ကျော်ဆက် ထားလို့ မရဘူးလား။ ကျွန်တော် ကားဆက်သမား Editing Continuity ရှိတယ်။ ဒေါ်ဆွေဇင်ထိုက် ဘာနဲ့ကျမလဲ၊ အဲဒီ အပေါ်မှာ ဘာနဲ့အရုပ်တွဲရမလဲဆိုတာ Continuity ရှိတယ်။ အဲဒီတော့ ခင်ဗျားဘာသာ ဖယ်ထားပေမယ့် ကျွန်တော်ဆက် လို့မရဘူး။ ရတယ်ကွ၊ ခုချက်ချင်း ရချင်ရင် ရတယ်ဆိုပြီး တော့ ချက်ချင်းလှမ်းပြီးဆင်ပြီးတော့ သူ့ Close up တွေ ရိုက်ပြီး လာပေးတယ်။ အဲဒီလို ဒုက္ခတွေ ရောက်ခဲ့တယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

ဒါ သင်ခန်းစာယူစရာပဲ။ ကျွန်မ ဒီလိုမျိုး Character ထဲမှာနေတဲ့ သရုပ်ဆောင် နောက်တစ်ဦးကိုလည်း တွေ့ဖူးပါ တယ်။ ဦးကျော်ဟိန်းပေါ့နော်။ သူဆိုလည်း ဒီလိုပဲ။ သူတို့ရဲ့ တီထွင်မှုနဲ့ တွေးခေါ်မှုလို့ပဲ ပြောရမှာဖြစ်ပါတယ်။ ပါပါး အနေနဲ့ အဲဒီကားကို ရိုက်တဲ့အခါမှာ နောက်ဆုံး ဇာတ်သိမ်း ခန်းလေးမှာ ဆွယ်တာအဖြူလေး ဝတ်ထားတယ်။ အဲဒီ ဆွယ်တာအဖြူလေးကိုလည်း မမနုက ဆွယ်တာလေးထိုး ပြီးတော့ စကားပြောတာကိုလည်း ရိုက်ထားတာ ပါတယ် ပေါ့။ အဲဒီတော့ အဲဒီအချိန်တုန်းက ရုပ်ရှင်ရိုက်ကူးမှုရဲ့ စီစဉ် တဲ့ နေရာမှာ Plot လို့ ခေါ်တဲ့ ဇာတ်ဝင်ပစ္စည်းတွေ၊ ဇာတ်ဝင် Continuity တွေကို သိပ်ကိုဂရုစိုက် သတိထား ကြတာ တွေ့တယ်ပေါ့နော်။ အဲ့ဒီဆွယ်တာလေး အကြောင်းကိုလည်း နောက်ဆုံးဇာတ်သိမ်းပိုင်းမှာ ပြောပြသွားတယ်နော်။ ဦးဝင်းဦးရဲ့ ဒီဇာတ်သိမ်းပိုင်းမှာ ပြောသွားတာတွေဟာ လူ့ဘဝရဲ့ Definition တွေကို အများကြီး ပြောသွားတယ်။ အနုပညာသည်ဆိုတာ အနုပညာသည်တစ်ဦးအနေနဲ့ ဆိုတာလည်းပါတယ်။ နောက် Generation ကိုလည်း ပြောပြသွားတယ်။ သူတို့ စန္ဒရားတီးတယ်။ သားကလေးက တီးတယ်။ အငြိမ့် မင်းသမီး အမေကနေပြီးတော့ သမီးလေးကနေ အငြိမ့် ကတယ်ဆိုတဲ့ဟာကို ပြောသွားတဲ့အခါမှာ ကျွန်မလေ ဒီရုပ်ရှင်ကို ကြည့်လိုက်တဲ့အခါမှာ မြန်မာ့အနုပညာ ဆိုတာဟာ မျိုးဆက်တစ်ဆက်ကနေ တစ်ဆက်ပေါ့နော်။ သယ်ရတယ်လို့လည်းပဲ မြင်ပါတယ်။

အကယ်ဒမီ အောင်လွင်

သူပြောတဲ့စကားမှာ အင်္ဂလိပ်လိုပြောရင် သိပ်လွယ် တယ်။ The Show Must Go On ။ ကောင်းပြီ မှုံရွှေရည်မှာ ဘယ်မှာလဲ ပဋိပက္ခ၊ မှုံရွှေရည်မှာ မှုံကိုလာ တစ်ဖက် သတ်ပိုးနေတဲ့ ဗိုလ်ကြီးရဲအောင်လည်း မဟုတ်ဘူး။ ဘာလဲ Inner Conflict။ Suspiciousness is the cancer of Mind။ သံသယသည် စိတ်ရဲ့ကင်ဆာ ဖြစ်တယ်။ သံသယပျောက် မသွားဘူး။ ကြီးကြီး ကြီးကြီးလာတယ်။ သံသယ သံသရာ မဆုံးဘူး။ အဲဒီရဲ့ မှုံရွှေရည်ဇာတ်သိမ်း သည် ဒီသံသယကြောင့် လူဒုက္ခ ရောက်ရပါတယ်။ ဒါကို လည်း လှလှပပ တင်ဆက်သွားတာကို ကျွန်တော်တို့ တွေ့ရပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

အမေကဆိုခဲ့တဲ့ သီချင်းကိုပဲ သမီးကလေးက ဆိုတယ်။ ဆိုပြီးတော့ အမေကသွားတဲ့ ကကွက်တွေ အတိုင်းပဲ သမီး လေးက ကတာကို ကျွန်မတွေ့လိုက်ရတယ်။ အဲဒီအကြောင်းလေးကို ပြောပြပါဦး။ အကဆရာတွေနဲ့ ဘယ်လို ပြင်ဆင်ခဲ့ရလဲဆိုတာ။

သရုပ်ဆောင် စန္ဒာလင်း

ဟုတ်ကဲ့ အကဆရာမကြီးတွေကတော့ ရန်ကုန် ပန်တျာကျောင်းက ဆရာမကြီးဒေါ်ခင်ညွန့်နဲ့ ဆရာမ ‌ဒေါ်ဝင်းတင်တို့က သင်ပေးတာပါ။ အဲဒီဆရာမကြီးတွေကို ရိုက်ကွင်းထဲကို တစ်ခါတလေကျရင် ဖိတ်ပြီးတော့ သင် ခိုင်းပါတယ်။ တစ်ခါတလေကျရင်လည်း ရိုက်မယ့်နေ့ မတိုင်မီ ကြိုပြီးတော့ သွားသင်ရတာတွေလည်း ရှိပါ တယ်။ အကကွက်တွေ တူအောင်ဆိုတာလည်း အဲဒီလိုပဲ။ အန်တီက ထဘီလေးဆွဲ ပြီးတော့ ကတဲ့အခန်းမျိုးဆိုလည်း ကိုယ့်ကို အဲဒီလိုမျိုး သင်ပေးတယ်။ နောက်အဲဒီမှာ ထူးခြားတာ အဲဒီမှာ ကကွက်စလိုက်တာ ပဝါကို ဒူးခေါင်း လေးထိချလိုက်ပြီးတော့ တံခေါက်ကွေး နားလေးကိုလေ အဲဒီလိုမျိုး ဆွဲချတယ်ဆိုတာ သားအမိနှစ်ယောက်ပုံစံ တူအောင်ပေါ့နော်။ ဒီအကွက်ကို ရအောင်လုပ်ပေးပါ ဆိုပြီးတော့ အဲဒီလိုမျိုး သင်ပေးတာပါ။

အကယ်ဒမီ ဆွေဇင်ထိုက်

အဲဒီတုန်းက ကသွားတဲ့ကကွက်တွေဟာ အခုထိ ကျွန်မတို့ရဲ့ သင်္ကြန်မဏ္ဍပ်တွေပေါ်မှာ တွေ့နေရတုန်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီတီထွင်မှုကလည်းပဲ ဂုဏ်ပြုရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီကား ဟာ ကျွန်မတို့ရဲ့ သင်္ကြန်တိုင်းမှာပဲ အမှတ်တရအနေနဲ့ ပြရတဲ့ ဂန္ထဝင်မြောက်ကားဖြစ်တယ်။ ဒီကားမှာ ပါဝင်ခဲ့ တဲ့ မစန္ဒာနဲ့ စကားအခုလိုပြောကြားခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

သရုပ်ဆောင် စန္ဒာလင်း

ဟုတ်ကဲ့ ကျွန်မကလည်း အခုလို တကူးတကကြီး ဒီကိုလှမ်းမေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

အကယ်ဒမီ အောင်လွင်

၁၉၉၆ ခုနှစ် (၄၆) ကြိမ်မြောက် ဘာလင်ရုပ်ရှင်ပွဲတော် ကို ကျွန်တော်ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ အဲဒါကို ပြောချင်တာထက် ဒေါ်ဆွေဇင်ထိုက်သိပါတယ်။ မြဂနိုင် သည် ဖလင်ကနေ တိုက်ရိုက် Digitize လုပ်ပြီးပြီ။ ကျွန်တော်တို့ ပြန်ရောက်လာပြီ။ နိုင်ငံခြားမှာ ရောက်နေ တဲ့ မှုံရွှေရည်လည်း Digitize လုပ်ပြီး မြန်မာပြည်ကို ပြန်ရောက်ခဲ့တဲ့အတွက် ကျွန်တော့်ရဲ့ အပင်ပန်းခံမှုကို ကျွန်တော်ဝမ်းသာပါတယ်။

 

အကယ်ဒမီ ဆွေဇင်ထိုက်

ကျေးဇူးအများကြီးတင်ပါတယ် ပါပါး။ အဲဒီ မှုံရွှေရည် ကားကို သိပ်ကို အချိုးအကွေ့ကောင်းလေးပေါ့။ ရုပ်ရှင်ရဲ့ Turning Point တစ်ခုကို၊ ရုပ်ရှင် Flow ရဲ့ Turning Point တစ်ခုကိုလုပ်ခဲ့တဲ့ ကားလို့လည်း ယူဆတာပေါ့။ အဲဒါကြောင့်မို့လို့ အလွန်အင်မတန်မှ အမှတ်တရ ရုပ်ရှင် ပွဲတော်မှာ ပြချင်တာပါ။ ပြချင်တဲ့အခါကျတော့ သူငယ်ချင်းကပြောတယ်။ ဂရေ့စ်ရေ ငါတို့ကတော့ Arsenal Berlin က Archive မှာ ဒီကားရှိတယ်။ အဲဒါကို ငါတို့တွေ ကူးကြရင် ကောင်းမလားဆိုပြီး ပြင်သစ်က သူငယ်ချင်း S’everine က ပြောပါတယ်။ အဲဒီတော့ ကျွန်မ ဒီဘက်ကနေပြီးတော့မှ ရအောင်ဆိုပြီးတော့ ကြိုးစားပြီး တော့ Berlin မှာ ဂျာမနီကနေပြီးတော့မှ ပြင်သစ်ကို ကားပို့ရတာပေါ့နော်။ အဲဒါကို ပိုင်ရှင်ကနေပြီးတော့မှ ဘာဖြစ်လို့ ပို့တာလဲ။ ကျွန်တော်တို့က ရောင်းတာ Berlin တင်ပဲ ရောင်းတာ။ ဟုတ်တယ်။ မူပိုင်ခွင့်အရ ဟုတ်တယ်။ ဒါပေမယ့် ကျွန်မတို့က ကူးပေးမယ့် လူ၊ အလှူရှင်က ပြင်သစ်မှာရှိနေတဲ့ Emergical Lab က ကူးပေးတာ ဆို တော့ အဲဒီကို ရောက်အောင် ပို့ရတာပေါ့နော်။ အဲဒီကို ပို့ပြီးသွားတော့မှ ဒီဘက်ကို ပြန်ယူလာတယ်။ မှုံရွှေရည် ကို ကျွန်မတို့ ရိုက်ကူးရေးတင် မဟုတ်ဘဲနဲ့ ပြသရေးကိုပါ ကြည့်မယ်ဆိုလို့ရှိရင် သူက နိုင်ငံတကာအထိကို သွားခဲ့ နိုင်တဲ့ကားဖြစ်တယ်။ ပြီးသွားတော့ အမှတ်တရအနေ နဲ့လည်း နိုင်ငံတကာကနေ အသိအမှတ်ပြုပြီးတော့မှ ဒီတိုင်းပြည်မှာ ပြန်လာပြီးတော့ ပြပေးနိုင်တဲ့ကား တစ်ခု လည်း ဖြစ်တယ်။ သင်္ကြန်နဲ့ပတ်သက်လာရင်တော့ ကျွန်မတို့က ဒီရုပ်ရှင်ကားထုပ်ဟာ အမှတ်တရလည်း ဖြစ်တယ်။ နောက် ပညာရှင်များရဲ့စေတနာ၊ ပညာရှင်များ ရဲ့ အားစိုက်မှုတွေကိုလည်း မြင်ရတယ်။ ရုပ်ရှင် ဇာတ်လမ်းတင်ဆက်မှုမှာ၊ အထူးသဖြင့် ရုပ်ရှင်ဇာတ် လမ်းနောက်ခံတေးဂီတ တင်ဆက်မှုမှာ အချိုးအကွေ့ အသစ်တစ်ခုကိုလည်းပဲ တွေ့ရတာဖြစ်တဲ့အတွက်ကြောင့် မို့လို့ သင်္ကြန်ကာလတိုင်းမှာ ဒီကားကို ပြရပါတယ်။ ဒီကားနဲ့ပတ်သက်ပြီးတော့လည်း နောက်ကြောင်းပေါ့။ ကျွန်မတို့ မသိခဲ့တဲ့ အကြောင်းတွေကိုလည်း လာရောက် ပြီးတော့ ပြောပြပေးခဲ့တဲ့အတွက် ပါပါးကိုလည်း ကျေးဇူး ဥပကာရ အထူးပဲတင်ရှိပါတယ်။

အကယ်ဒမီ အောင်လွင်

ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။

အကယ်ဒမီ ဆွေဇင်ထိုက်

ကျွန်မတို့ရဲ့ သင်္ကြန်ရင်ခုန်သံ အမှတ်တရ မှုံရွှေရည် ဇာတ်ကားနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို ဆွေးနွေးခဲ့တာကို နားထောင်ခြင်းအားဖြင့် ကျေနပ်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ကျေးဇူးတင်ပါ တယ်ရှင့်။

 

မြန်မာ့အလင်း