မူဆယ်ခရိုင်သို့ ငွေကျပ်သိန်း(၄၈၀)ခန့်တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အထောက်အကူပြု ဆက်စပ်ပစ္စည်းများ လာရောက်လှူဒါန်း

မူဆယ်   ၃၀  ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များသို့ တရုတ်နိုင်ငံ၊ တယ်ဟုန်ပြည်နယ်ခွဲ၊ ဆုန်ချင်လင့်ဖောင်ဒေးရှင်း၊ မိဆုန်ဖောင်ဒေးရှင်းနှင့် ရွှေလီ Blue Sky လူမှုကူညီရေးအသင်းတို့မှ (ကိုဗစ်-၁၉) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၌ အသုံးပြုရန် ခန့်မှန်းကာလတန်ဖိုး ငွေကျပ်သိန်း(၄၈၀)ခန့်တန်ဖိုးရှိ ကာကွယ်ထိန်းချုပ်ရေး အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ မွန်းလွဲပိုင်းက မူဆယ်မြို့၊ နှစ်နိုင်ငံဝင်/ထွက်ဂိတ် (နန်းတော်ဂိတ်)၌ လာရောက်ပေးအပ်လှူဒါန်းသည်။

 

ပေးအပ်လှူဒါန်းမှုများတွင် နှာခေါင်းစည်း(၃၃)ဖာ-၆၆၀ဝ၀ ခုနှင့် ပိုးသတ်ဆေး(၅၈)ဖာ-၃၄၈၀ ပုံး စုစုပေါင်း တရုတ်ယွမ်ငွေ(၂၄၀ဝ၀ဝ)ခန့် (မြန်မာငွေအားဖြင့် ကျပ်သိန်း(၄၈၀)ခန့်)ရှိပြီး ဆုန်ချင်လင့်ဖောင်ဒေးရှင်း၊ မိဆုန်ဖောင်ဒေးရှင်းနှင့် ရွှေလီ Blue Sky လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတို့က လာရောက်ပေးအပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့်နှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ မြန်မာ-တရုတ် နှစ်နိုင်ငံချ စ်ကြည်ရေးအသင်းမှ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

 

မူဆယ်မြို့နယ်၊ နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့အပြင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့လည်း နှာခေါင်းစည်း(၁၅)ဖာ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

 မိုင်းဘဉာဏ်(ကွတ်ခိုင်)

 

mdn