မူဆယ်မြို့ ဆင်ဖြူဈေးတွင် ပြုလုပ်သည့် နိဗ္ဗာန်ဈေးအလှူပွဲတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိ

မူဆယ် ၁၃ အောက်တိုဘာ

 

မူဆယ်မြို့၊ ဆင်ဖြူဈေးရှိ ဈေးသူ၊ဈေးသားတို့နှင့် ပူးပေါင်း၍ ဆင်ဖြူဈေးတွင် ပထမအကြိမ် ပြုလုပ်ကျင်းပသည့် နိဗ္ဗာန်ဈေးအလှူပွဲကို  အောက်တိုဘာ ၁၂ ရက်မှ စတင်ကျင်းပရာ လာရောက် လည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

၁

 

အဆိုပါ နိဗ္ဗာန်ဈေးအလှူပွဲ၌ ညနေပိုင်းအချိန်တွင် အစားအသောက်မျိုးစုံကို လှူဒါန်း ကျွေးမွေးလျက်ရှိပြီး လူမျိုးပေါင်းစုံ လာရောက်လည်ပတ်ကြကာ လာရောက်သူတိုင်းကို လက်မှတ်များ ပေးအပ်ခြင်း၊ လက်မှတ်တွင် ပါရှိသည့် နံပါတ်အလိုက် အစားအသောက်မုန့်မျိုးစုံကို  ထုတ်ယူကြပြီး တိုင်းရင်းသားအက၊ မင်းသားအကတို့ဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ ဆီမီးပူဇော်ခြင်း များဖြင့် စည်ကားလျက်ရှိသည်။

 

၂

 

သူငယ်ချင်းတွေနဲ့ လာရောက်လည်ပတ်ခဲ့ကြတာပါ၊ အင်မတန် ပျော်စရာကောင်းပါတယ်၊ ကံစမ်းလက်မှတ်မှာ ပါရှိတဲ့ နံပါတ်အတိုင်း အချိုရည်တွေ၊ မုန့်တွေလည်း ကိုယ်စီရကြတယ်၊ လူအများနဲ့ဆိုတော့ ပိုပျော်စရာ ကောင်းတယ်၊ ခုလို အများပြည်သူအတွက် နိဗ္ဗာန်ဈေး အလှူပွဲလုပ်ပေးတဲ့ တာဝန်ရှိသူတွေနဲ့ အလှူရှင်တွေလည်း ကုသိုလ်ရပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် လို့ နိဗ္ဗာန်ဈေးသို့ သူငယ်ချင်းများနှင့် လာရောက်လည်ပတ်သူ မခိုင်တင်ဇာက ပြောသည်။

 

၅

 

အဆိုပါ နိဗ္ဗာန်ဈေးပွဲတော်ကို ဆင်ဖြူဈေးတွင် ပထမအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး ယနေ့ ဒုတိယမြောက်နေ့ ည ၇ နာရီမှစတင်ပြီး လက်မှတ်များပေးဝေကာ ဆိုင်ကယ် (125)တစ်စီး အပါအဝင် အခြားဆုမဲပေါင်းများစွာကိုလည်း အခမဲ့ ကံစမ်းမဲဖောက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

၅

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)