မူဆယ်မြို့နှင့် မိုင်းပန်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်  ၉   ဒီဇင်ဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၈ ရက် မွန်းလွဲ ၃ နာရီက မူဆယ်မြို့၊ ဈေးရပ်ကွက်၊ အမှတ်(ဈ/၂၁၅)နေ ဒေါ်လီလောက်လာ (ခ) အားရင်၏ နေအိမ်ကိုရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဒေါ်သင်းသင်းမော်အားတွေ့ရှိပြီး အိပ်ခန်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၆,၄၀ဝ၊ ဘိန်းဖြူ ၄၀ ဂရမ်၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

အလားတူယင်းနေ့ မွန်းလွဲပိုင်းတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းပန်မြို့နယ်၊ မိုင်းပန်-မိုင်းတုံသွားကားလမ်း၊ တာဆန်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိုင်းစွမ်ဟန် မောင်းနှင်ပြီး စိုင်းနော်ခမ်း လိုက်ပါလာသည့် MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်ရှာဖွေရာ တန်ဖိုးငွေကျပ်သိန်း ၁၁၅၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၁၁ ဒသမ ၅ သိန်းနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

(သတင်းစဉ်)