မူဆယ်မြို့တွင် ဖုန်းထည့်ထားသည့် ပိုက်ဆံအိတ်ကိုလုယူပြီး ဓားဖြင့်ထိုးသူအား အရေးယူထား

နေပြည်တော်  ၇  ဇူလိုင် 

 

မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်နေ မဝင့်ဝါဖြိုးသည် ဇူလိုင် ၆ ရက် ည ၈ နာရီခွဲတွင် အစ်ကို ဝမ်းကွဲတော်စပ်သူ ကိုအောင်မြင့်ဌေးနှင့်အတူ မင်္ဂလာမူဆယ်လမ်း၊ ဆန်စပါးကုန်စည်ဒိုင်ရှေ့ လမ်းမပေါ်တွင် စကားရပ်ပြောနေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ ၎င်းတို့အနီးသို့ရောက်ရှိ လာပြီး ၎င်း၏လက်ကိုင်ဖုန်းထည့်ထားသော ပိုက်ဆံအိတ်အား လုယူခဲ့သည်။

 

ကိုအောင်မြင့်ဌေးမှ ပြန်လည်ဆွဲယူစဉ် အမည်မသိအမျိုးသားမှ ၎င်း၏လက်ထဲတွင် အသင့်ကိုင်ဆောင်ထားသောဓားဖြင့်ထိုးသဖြင့် ကိုအောင်မြင့်ဌေးတွင် ထိုးသွင်းဒဏ်ရာများ ရရှိခဲ့၍ အော်ဟစ်အကူအညီတောင်းခံခဲ့သောကြောင့် အနီးပတ်ဝန်းကျင်ရှိရပ်ကွက်နေ ပြည်သူ များမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး စစ်ဆေးမေးမြန်းရာ ကောင်းမှုတုံရပ်ကွက်၊ ဆင်ဖြူဈေးဝင်းနေ ကျန်းရွင်ကျင်း ဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရကျန်းရွင်ကျင်းအား မူဆယ်မြို့မ ရဲစခန်း(ပ)၅၇၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။ 

 

MDN