မြဝတီ-ဝေါလေမြိုင် လမ်းမကြီးပေါ်တွင် ကရိန်းယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား

ဝေါလေမြိုင်  ၂၇   ဇွန်

 

ကရင်ပြည်နယ် မြဝတီခရိုင် ဝေါလေမြိုင်မြို့မှ ၅ မိုင်ခန့်အကွာတွင် အဖြူရောင် ဖူဆို ကရိန်းယာဉ်တစ်စီး ယမန်နေ့ညနေ ၆ နာရီအချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြဝတီမြို့ဘက်မှ ဝေါလေမြိုင်မြို့ဘက်သို့ ယာဉ်မောင်း ဟန်လင်း (ခ) လင်းလင်း မောင်းနှင်လာသော ဖူဆို ကရိန်းယာဉ်သည် မြဝတီ-ဝေါလေမြိုင် လမ်းမကြီး မိုင်တိုင်အမှတ် ၇၅ ကီလိုမီတာ အရောက်တွင် ဝါယာရှော့ဖြစ်ရာမှ မီးလောင်ခဲ့ခြင်းဖြစ်သည်။

 

ယာဉ်မီးလောင်ရာသို့ မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီတွင် မီးလုံးဝငြိမ်းသွားခဲ့သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)