မြဝတီမြို့နယ် အာရှလမ်းမကြီးတွင် ယာဉ်တိုက်မှု ဖြစ်ပွားရာ ၁၈ ဉီးသေဆုံး

မြဝတီ ၃ ဇန်နဝါရီ

 

ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အာရှလမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈)နှင့် (၁၅၉)ကြားတွင် Probox ယာဉ်(၁)စီးနှင့် ခရီးသည်တင် မှန်လုံ Express ယာဉ်(၁)စီးတို့ တိုက်မိခဲ့ကြောင်း သိရသည်။

 

26

 

အခင်းဖြစ်ပွားရာသို့ မြဝတီမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီး၊ သင်္ဃန်းညီနောင်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ကော့ကရိတ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်(၃၅)ဦးတို့မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

 

27

 

အဆိုပါယာဉ်တိုက်မှုကြောင့် Probox ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၇)ဦး သေဆုံးပြီး ခရီးသည်တင် မှန်လုံ Express ယာဉ်ပေါ်ပါ (၃၅)ဦးအနက် (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁၁)ဦး သေဆုံးကြောင်း မြန်မာနိုင်ငံမီးသတ်ဉီးစီးဌာနမှ ထုတ်ပြန်ချက်အရ ကနဦး သိရသည်။

 

MDN