မြဝတီမြို့တွင် ငွေကျပ်သိန်း ၂၄,၈၀ဝ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိ

နေပြည်တော်  ၁၇   နိုဝင်ဘာ 

မူးယစ်တပ်ဖွဲ့စု(၃၂)မြဝတီနှင့် မြဝတီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် ညနေပိုင်းက  သတင်းအရ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြလင်းအေးမြိုင်လမ်းတွင် တွေ့ရှိသူ တန်ဂျီး အားထိန်းသိမ်းစစ်မေးပြီး ဆက်လက်၍ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြလင်းအေးမြိုင် လမ်းသွယ်နေ လူမော် ၏သစ်စက်ဂိုဒေါင်နေအိမ်ကို ရှာဖွေရာ လူမော် အားမတွေ့ရှိဘဲ နေအိမ်မှ အိုက်စ် ၃၁ ကီလိုသိမ်းဆည်းရမိခဲ့သဖြင့် တန်ဂျီး(၄၂)နှစ်(ဖမ်းမိ)၊ လူမော်(ဖမ်းမမိသေး)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN