နာဂဒေသအတွက် အကျိုးပြုနိုင်ခဲ့တာ မမေ့နိုင်တဲ့ဘဝရဲ့အောင်မြင်မှုဟု မာရီကိုးပြောကြား

 သွားတော့လေ လဟယ်ဆိုကြရာမ လာတော့ကွယ်လဟယ်ဟုပင် တင်စားနိုင်လောက်အောင်ပင် နာဂဒေသသည် ယခင်ထက်များစွာ ဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့ရသည်ကို ပီတိဖြစ်ရကြောင်း နာဂတိုင်းရင်းသူ မော်ဒယ်လ်တစ်ဦး ဖြစ်သည့် မာရီကိုးက ပြောကြားသည်။

မာရီကိုးက မိမိဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျရာနေရာကနေ အကောင်းဆုံးဆောင်ရွက်ပေးနေသည့် နာဂတိုင်းရင်းသူတစ်ဦးလည်း ဖြစ်သည်။ဒီနစ်မ စ်သစ်ကူးပွဲကို သွားရင်းနဲ့ ကိုယ်တွေရဲ့ နာဂရိုးရာဓလေ့ တွေ၊ နေထိုင်မုပုံစံတွေ၊ တိုင်းရင်းသားတွေရဲ့ သဘောသဘာဝ၊ စရိုက်လက္ခဏာတွေအားလုံးကို ရိုက်ကူးဖို့ ိပါတယ်။ ၂၀၁၇ခုနစ်တုန်းက ရန်ပုံငွေတွေနဲ့ ူထားတဲ့ စာသင်ကျောင်းနစ်ကျောင်းကိုလည်း စ်သစ်ကူးပွဲ တော်အပြီးမ ဖွင့်ပွဲလုပ်ပေးဖို့ရိပါတယ်ဟု နာဂဒေသအတွက် လက်ရိလုပ်ဆောင်မည့် ဆောင်ရွက်မုများကို မာရီကိုးကပြောပြသည်။

mdn

နာဂဒေသခံအများစုသည် တောတောင်များတွင် နေထိုင်သည့်သဘာဝရိပြီး ကျန်းမာရေးအသိပညာ အားနည်း နေသေးသည်ကို တွေ့ရိရကြောင်း မာရီကိုးလ်က ပြောသည်။အခု ကျွန်မတို့ဒေသမ လမ်းပန်းဆက်သွယ်ရေး ကလည်း တော်တော်လေးကို ကောင်းလာတယ်။ အရင်ကဆို တစ်နေရာကနေ တစ်နေရာကို သွားဖို့ဆိုတာ တော်တော်ကို စွန့်စားကြရတယ်။ လမ်းမကောင်းလို့ ရာသီမရွေးသွားလာလို့မရဘူး။ အခုဆိုရင် မီးလည်း ရလာပြီ။ မြို့ကြီးသုံးမြို့မာဆို ၂၄နာရီပတ်လုံး မီးရပြီ။ ဖုန်းလိုင်းတွေလည်း အများကြီးကောင်းလာပြီ။ တိုးတက်လာတာတွေ အများကြီးရိတယ်ဟု ဒေသနင့် ပတ်သက်၍ တိုးတက်မုများကို ပြောပြသည်။

“ကျွန်မတို့ဒေသရဲ့ ရိုးရာဓလေ့စရိုက်လေးတွေကို ရုပ်သံတွေမ ထုတ်လွင်ပေးချင်ပါတယ်။ လုပ်ပေးချင်တာတွေ ကတော့ အများကြီးရိတယ်။ ပညာရေး၊ စီးပွားရေး၊ လူမုရေး၊ ကျန်းမာရေး လိုအပ်ချက်တွေကလည်း ိနေပါ သေးတယ်။ ဒါတွေကို ကျွန်မတတ်နိုင်တဲ့ဘက်ကနေ စဉ်းစားပြီးတော့ ဖြည့်ဆည်းသွားဖို့က ကျွန်မရဲ့အကြီးမား ဆုံးဆန္ဒဖြစ်ပါတယ်ဟု မာရီကိုးလ်က ပြောကြားသည်။

အရင်က ဝန်ထမ်းတွေလောကမာဆိုရင် သွားတော့လေလဟယ်ဆိုပြီး ပြောကြတယ်။ ဘယ်ဝန်ထမ်းကမ လဟယ်ကိုဆိုရင် မလာချင်ကြဘူး။ ကျွန်မတို့ငယ်ငယ်က ပြောစမတ်ရိတာလေးပါ။ အခုအချိန်မာတော့ လဟယ် မြို့ဟာ လမ်းပန်းဆက်သွယ်ရေးကောင်းပြီး မီးထိန်ထိန်းငြီးလာခဲ့ပြီ။ လာတော့လေ လဟယ်လို့တောင်ပြောလို့ ရနေပါပြီ။ ဒါတင်မကသေးပါဘူး။ ကျွန်မ ဒုံဟီးတို့ နန်းယွန်းတို့ကို အခုရောက်သွားတယ်။ လိုအပ်ချက်တွေကို တွေ့ရတယ်။ စိုက်ပျိုးရေးနဲ့ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေကိုလည်း ဒီထက်မက တိုးတက်စေချင်တယ်။ အဆင် ပြေစေချင်တယ်။ အသိအမြင်တွေကြွယ်ဝစေချင်တယ်။ ကျွန်မအဖေရဲ့ မွေးရပ်မြေက ဒုံဟီးပါ။ ဒုံဟီးကိုရောက် တော့ ကျွန်မအဖေကိုလည်း သတိရမိတယ်။ အဖေဖြစ်စေချင်တာတွေကို ကျွန်မတတ်နိုင်သလောက် ဖြည့် ဆည်းပေးတာတွေကို ကျွန်မအဖေသာ သိခွင့်ရိမယ်ဆိုရင် စိတ်ချမ်းသာမယ်လို့လည်း ထင်ပါတယ်။ နောက်ပြီး ဒီတစ်ခေါက် နာဂကို ရောက်ရင် ကျွန်မရဲ့သီချင်းအတွက်လည်း အမ်တီဗီရိုက်ကူးသွားမယ်။ ဒေသမ ပတဲ့ ုခင်းတွေရိတယ်။ ဒါတွေကိုအားလုံး ခံစားရရိစေချင်တယ်ဟု မာရီကိုးလ်ကပြောကြားသည်။

ကိုလင်း