နာမည်ကျော်လှိုင်းစီးသမား ကယ်လီစလေတာ သြစတြေးလျတွင် ပါဝင်ယှဉ်ပြိုင်မည်

နာမည်ကျော် လှိုင်းစီးသမားတစ်ဦးသူ ကယ်လီစလေတာသည် ကာကွယ်ဆေးထိုးထားခြင်း ရှိ မရှိကို လူသိရှင်ကြားထုတ်ဖော်ပြောကြားထားခြင်းမရှိသော်လည်း ဩစတြေးလျတွင်ပြုလုပ်မည့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။

၎င်းသည် ကမ္ဘာ့ချန်ပီယံဆုကို ရှစ်ကြိမ်တိုင်တိုင် ရရှိထားသူဖြစ်ပြီး ကာကွယ်ဆေးထိုးမှုနှင့်ပတ်သက်၍ တရားဝင်ပြောကြားခဲ့ခြင်းမရှိပေ။ တင်းနစ်အကျော်အမော်တစ်ဦးဖြစ်သည့် နိုဗက်ဂျိုကိုဗစ်သည်လည်း ကာကွယ်ဆေးအဆင့်အတန်းနှင့်ပတ်သက်၍ ပြောကြားနိုင်ခြင်းမရှိသည့်အတွက် ဩစတြေးလျအိုးပင်း ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိချေ။ ဗစ်တိုးရီးယားပြည်နယ်နှင့် သြစတြေးလျအနောက်ပိုင်း တို့တွင် ကမ္ဘာ့လှိုင်းစီးပြိုင်ပွဲ ချန်ပီယံရှစ်ပြိုင်ပွဲနှစ်ခုကို ဧပြီလနှင့်မေလတို့တွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသွားမည်ဖြစ်သည်။ ဩစတြေးလျနိုင်ငံအတွင်းသို့ ပြည်ဝင်ခွင့်တင်းကျပ်မှုများနှင့်ပတ်သက်၍ ကယ်လီစလေတာအပေါ် ခြွင်းချက်ပေးထားခြင်းမရှိသေးချေ။

ကယ်လီစလေတာကမူ ဩစတြေးလျတွင် ပြန်လည်ဆုံတွေ့ကြမည်ဟု ပြောကြားခဲ့သည်။ ၎င်း ကာကွယ်ဆေးထိုးထားခြင်း ရှိ မရှိမှာ အရေးပါသည့်မေးခွန်းဖြစ်သော်လည်း ကိုယ်ရေးကိုယ်တာကိစ္စဖြစ် သည့်အတွက် ထုတ်ဖော်မပြောနိုင်ဟု ၎င်းကပြောကြားခဲ့သည်။

အောင်