နာနတ်သီး ကို ဘာအတွက် အသုံးပြုကြသလဲ

၂၃ သြဂုတ်


နာနတ်သီးကို ကပ်ပါးပိုး၊ သန်ကောင်များ နှိမ်နင်းရန်အတွက် အသုံးပြုပြီး အစာအိမ်ပြဿနာများကို သက်သာစေသည်။ ကိုယ်ဝန်ဖျက်ချရန်နှင့် ဓမ္မတာလာစေရန် လှုံ့ဆော်ရာတွင်လည်း အသုံးပြုသည်။ နာနတ်သီးမှ ရရှိသော bromelain ပရိုတင်းကို ကျန်းမာရေးဓာတ်စာအဖြစ် အသုံးပြုလျက်ရှိသည်။ ၎င်းသည် ကင်ဆာဆဲလ်ကြီးထွားခြင်းကို နှောင့်ယှက်တားဆီးပြီး သွေးခဲခြင်းကိုတားကာ ရောင်ရမ်းခြင်းကို လျော့ကျစေ၍ အနာမှ ပျက်စီးတစ်ရှူးများ ဖယ်ရှားရန်လည်း ကူညီပါသည်။


နာနတ်သီးကို အခြားနေရာများတွင် အသုံးပြုရန် ညွှန်ကောင်းညွှန်နိုင်သည်။ ထပ်မံသိရှိလိုပါက ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းနိုင်ပါသည်။


နာနတ်သီးက ဘယ်လိုအလုပ်လုပ်လဲ


လက်တွေ့စမ်းသပ်လေ့လာချက်များအရ နာနတ်သီးမှ ရရှိသော သဘာဝကုန်ကြမ်း  bromelain ပရိုတင်းသည် ကုထုံးများတွင် ကျယ်ပြန့်စွာ အထောက်အကူပြုလျက်ရှိကြောင်း သိရသည်။ သက်သေအထောက်အထားများအရ bromelain ကို မီးလောင်နာများ ဆဲလ်သေများ ဖယ်ရှားရန်နှင့် အရောင်ကျစေရန် အသုံးပြုလျက်ရှိသည်။


ပိုမိုသိရှိလိုပါက သင့်ဆရာဝန် (သို့) ဆေးဖက်ဝင်အပင် ကျွမ်းကျင်ပညာရှင်နှင့် မေးမြန်းဆွေးနွေးနိုင်ပါသည်။


ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ


နာနတ်သီး အသုံးမပြုခင် ဘာတွေသိသင့်သလဲ


အကယ်၍ သင့်မှာ အောက်ပါအချက်များရှိနေလျှင် သင့်ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင် (သို့) သဘာဝဆေးဖက်ဝင် အပင် ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးပါ။


သင့်မှာ ကိုယ်ဝန်ရှိနေလျှင် (သို့) နို့တိုက်မိခင်ဖြစ်နေလျှင်။ အဘယ်ကြောင့်ဆိုသော် သင်သည် ကလေးရှိနေလျှင် (သို့) ကလေးနို့တိုက်နေချိန်တွင် ဆရာဝန်ညွှန်ကြားသော ဆေးဝါးများကိုသာ သောက်သုံးသင့်ပါသည်။


သင်သည် ဆေးဆိုင်မှ မိမိဖာသာ ဝယ်ယူသောက်သုံးနေသော ဆေးများအပြင် အခြားဆေးဝါးများ သောက်သုံးနေလျှင်။


နာနတ်သီး ပါဝင်ပစ္စည်းများနှင့် ဓာတ်မတည့်လျှင် (သို့) အခြားဆေးဝါးများ၊ သဘာဝဆေးဖက်ဝင် အပင်များနှင့် ဓာတ်မတည့်လျှင် (ဥပမာ- ပျားရည်၊ သံလွင်အပင်မှ ဝတ်မှုန်၊ တရုတ်နံနံကြီး၊ ကျောက်ပန်းပင် ဝတ်မှုန်၊ သင်္ဘောသီးတွင်ပါသော papain အင်ဇိုင်း ၊ bromelain )


သင့်မှာ အခြား ကျန်းမာရေးပြဿနာ ၊ ရောဂါများရှိလျှင်


သင့်မှာ အစားအသောက်၊ ဆိုးဆေး၊ တာရှည်ခံအောင်ပြုလုပ်သော ပစ္စည်းများ၊ တိရစ္ဆာန်များကဲ့သို့ အခြားအရာများနှင့် ဓာတ်မတည့်မှုများရှိလျှင် ဆရာဝန်ကို ပြောပြပါ။


သဘာဝဆေးဖက်ဝင် အပင်အတွက် လိုက်နာရမယ့် အချက်တွေဟာ ဆေးဝါးများလောက်တော့ မများပါဘူး။ သူ့ရဲ့ လုံခြုံစိတ်ချရမှုအတွက် လေ့လာစမ်းသပ်ချက်တွေ ပိုမိုလိုအပ်ပါသေးတယ်။ သူ့ကိုသုံးစွဲမယ်ဆိုရင် မသုံးခင်မှာ အကျိုးကျေးဇူးက ဆိုးကျိုးထက် ပိုများဖို့ လိုပါတယ်။ ပိုပြီးသိရအောင် သဘာဝဆေးဘက်ဝင် အပင်များ အကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။


နာနတ်သီး က ဘယ်လောက်စိတ်ချရလဲ


ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်


ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့မှာ နာနတ်သီးရဲ့ စိတ်ချဘေးကင်းမှုနဲ့ အကျိုးအာနိသင်ထိရောက်မှုတို့နဲ့ ပတ်သက်ပြီး လေ့လာထားမှု အလုံအလောက်မရှိသေးပါ။ ရှေးယခင်က နာနတ်သီးကို ရာသီလာရန်နှင့် ကိုယ်ဝန်ဖျက်ချရာတွင် လှုံ့ဆော်ဖို့ အသုံးပြုခဲ့မှုများနဲ့ ပတ်သက်ပြီးတော့လည်း အထောက်အထား အလုံအလောက်မရှိပါ။


ဘေးထွက်ဆိုးကျိုးများ


နာနတ်သီး ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

 

ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးအချို့ကို အောက်တွင်ဖော်ပြထားပါသည်။


အလွန်အမင်း အန်ခြင်း


ဝမ်းပျက်ဝမ်းလျှောခြင်း ၊ ရာသီသွေးဆင်းများခြင်း ၊ ပျို့ခြင်း ၊ အရေပြားအနီကွက်ထခြင်း ၊ အန်ခြင်း


အလွန်အကျွံသုံးစွဲပါက ပါးစပ်နှင့် ပါးများ ရောင်ရမ်းခြင်း တို့ဖြစ်နိုင်ပါသည်။

 


ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရပုံမှာ တစ်ဦးနဲ့တစ်ဦး ကွဲပြားခြားနားမှု ရှိနိုင်ပါတယ်။ ဖော်ပြပါဘေးထွက်ဆိုးကျိုးများမှာ မပါဝင်တဲ့ ဘေးထွက်ဆိုးကျိုးများလည်း ရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေရှိရင် အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။


အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်


ဆေးဓာတ်ပြုမှုများ


နာနတ်သီး ကို အသုံးပြုခြင်းကနေ ဘယ်လိုဓာတ်ပြုမှုတွေရှိလာနိုင်သလဲ


နာနတ်သီးဓာတ်စာသည် သင်လက်ရှိသောက်နေသော ဆေးဝါးများ (သို့) ခံစားနေရသော ရောဂါအခြေအနေများနှင့် ဓာတ်မတည့်သည်များ ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ အသုံးမပြုခင် ဆရာဝန် (သို့) သဘာဝဆေးဖက်ဝင် အပင်ကျွမ်းကျင်ပညာရှင်နှင့် ဆွေးနွေးခြင်းက အကောင်းဆုံးဖြစ်ပါသည်။


ယခုဆေးဖက်ဝင် ဖြည့်စွက်စာသည် သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓာတ်ပြုနိုင်ခြေရှိပါသည်။

 

အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်


သောက်သုံးရန်အညွှန်း


ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်


နာနတ်သီး အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ


နာနတ်သီး နှစ်စိတ်တွင်  ascorbic acid (ဗီတာမင် စီ) ခန့်မှန်းခြေ 100mg ပါဝင်ပါတယ်။ bromelain ပုံမှန်ဆေးပမာဏသည် 40 mg ကို နေ့စဉ် တစ်နေ့ သုံးကြိမ် (သို့) လေးကြိမ်ဖြစ်သည်။


နာနတ်သီးဓာတ်စာ ဆေးပမာဏသည် လူနာတစ်ယောက်နှင့် တစ်ယောက်အတွက် ကွဲပြားနိုင်သည်။ ဆေးပမာဏသည် အသက်အရွယ် ၊ ကျန်းမာရေးအခြေအနေနှင့် အခြား အကြောင်းရင်းများစွာအပေါ်တွင် မူတည်သည်။ ကိုယ်သောက်သင့်တဲ့ ပမာဏနဲ့ပတ်သက်ပြီး အပင်များအကြောင်းကျွမ်းကျင်သူ (ဒါမှမဟုတ်) သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။


နာနတ်သီး က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ


နာနတ်သီး ဓာတ်စာ ကို အောက်ပါပုံစံများနှင့် ရရှိနိုင်ပါသည်။


အရည်၊ ဆေးပြား ၊ ဆေးတောင့်


ထုတ်ကုန်အများစုတွင် bromelain 500mg ပါရှိပါသည်။ ထုတ်လုပ်သူများက ဆေးပမာဏကို နေ့စဉ် 500mg မှ 1000mg အထိ အကြံပြုထားပါသည်။


ရေးသားသူ - Dr. Sandar Lin
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. K Zin Thwe


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”