နာရီတာလေဆိပ်တွင် ကာဂို လေယာဉ်နှစ်စီး အနည်းငယ်တိုက်မိမှုဖြစ်ပွား

၂၂ မတ်

 

ဂျပန်နိုင်ငံ တိုကျိုအနီး နာရီတာ လေဆိပ်တွင် ယမန်နေ့က  ကာဂို လေယာဉ်နှစ်စီး အနည်းငယ် တိုက်မိမှုဖြစ်ပွားခြင်းကို ဂျပန်ပို့ဆောင်ရေးဝန်ကြီးဌာန ကစုံစမ်းနေကြောင်း သိရသည်။

 

ယမန်နေ့ည ၈ နာရီခန့်က နစ်ပွန် လေကြောင်းလိုင်းဖြစ်သော  ဘိုးအင်း ၇၆၇ နှင့် ဖဒ်အိဒ် အမ်ဒီ ၁၁ လေယာဉ်နှစ်စီး ရပ်နားရာနေရာတွင် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းနှင့် ၎င်းတို့သည် ရှန်ဟိုင်းသို့ ဦးတည်ပျံသန်းသည့် လေယာဉ်များဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ မတော်တဆမှုဖြစ်ပွားရခြင်းမှာ ဘိုးအင်း ၇၆၇ လေယာဉ်သည် မြေပြင်မှပျံတက်မည့် အမ်ဒီ ၁၁ လေယာဉ် အမြီးကို တိုက်မိခဲ့ခြင်းကြောင့် ဖြစ်သည် ။

 

ယင်းလေယာဉ်မတော်တဆတိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်းနှင့် လေယာဉ်ပြေးလမ်းတစ်ခုကို ယာယီပိတ်ထားပြီး အခြားလေယာဉ်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

 

ဘာသာပြန် -မြင့်မြင့်ချို
ကိုးကား-အန်အိတ်ချ်ကေ