နွားထိုးကြီးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 သင်ရိုးသစ်မိတ်ဆက် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

နွားထိုးကြီး ၁၅ ဇွန်

 

နွားထိုးကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား ၂၀၂၀-၂၀၂၁ ပညာသင်နှစ် Grade-4 (သင်ရိုးသစ်)မိတ်ဆက် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက နွားထိုးကြီးမြို့ မြို့မ-အခြေခံအထက်တန်းကျောင်းတွင် မူလတန်းအဆင့် ဆရာ၊ ဆရာမ ၄၀ဝ အား သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

စတုတ္ထတန်း(Grade-4) မြို့နယ်အဆင့်သင်တန်းကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်ကြားပို့ချပြီး နွားထိုးကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ ဆရာမများကို ဇွန် ၁၅ ရက်မှ ၂၁ ရက်အထိ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

သန်းအောင်ဇော်

 

mdn