နာတာရှည်ရောဂါဖြစ်သည့် ပန်းနာရင်ကျပ်ရောဂါ

နေပြည်တော် ၂၈ ဧပြီ

ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ အသက်ရှူလမ်းကြောင်းဆိုင်နှင့် လေပြွန်များရောင်ရမ်းပြီး သာမန်ထက်ပို၍ တုန့်ပြန်မှု များပြားမြန်ဆန်နေခြင်း ဖြစ်သည်။

ဖြစ်ပွားရခြင်းအကြောင်းအရင်းများ

မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအရင်းများ

ဓါတ်မတည့်မှုများ

အိမ်တွင်း၊ အိမ်ပြင် ဖုန်မှုန့် အခိုးအငွေ့များ

ဆေးလိပ်သောက်ခြင်း

လေထုညစ်ညမ်မှုများ

ကပ်ပါးရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ

ပန်းနာဖြစ်စေသော ဆေးဝါးသောက်သုံးမှုများ

ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများ

အသက်ရှူစဉ် ရွှီရွှီမြည်ခြင်း

ချောင်းခြောက်ဆိုးပြီး အသက်ရှူမဝခြင်း

မောပန်းလွယ်ခြင်း

စူးရှသော အနံ့ရလျှင်၊ စိတ်လှုပ်ရှားလျှင်၊ အားခွန်စိုက်၍ အလုပ်လုပ်လျှင် မောကျပ်ချောင်းဆိုးလာခြင်း

ဖြစ်နေကျအချိန်တွင် ပုံမှန်ဖြစ်ခြင်း (ဥပမာ - နွေ၊ မိုး၊ ဆောင်း စသည်ဖြင့်)

ညအိပ်ပျော်နေစဉ် ချောင်းဆိုးခြင်း၊ ကျပ်ခြင်း

အကိုက်အခဲပျောက်ဆေး၊ သွေးတိုးကျဆေးအချို့ သုံးစွဲလျှင် ရင်ကျပ်လာခြင်း

ကာကွယ်ကုသရေး နည်းလမ်းများ

ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။

ဓါတ်မတည့်သော အရာများ ရှောင်ရှားပါ။ (အိမ်မွေးတိရစ္ဆာန်များ၊ ဖုန်မှုန့်၊ အငွေ့၊ အနံ့အသက်၊ ဆေးဝါး၊ အစားအစာ စသည်ဖြင့်)

တတ်ကျွမ်းနားလည်သူများနှင့် ပြသကာ ကုသမှုခံယူပါ။

ကျန်းမားရေးနှင့် ညီညွတ်အောင် နေထိုင်ပါ။

အခြားရောဂါများ (ဥပမာ - ဆီးချို၊ သွေးတိုး၊ အဝလွန်ရောဂါများ) ရှိနေပါက ပုံမှန်စစ်ဆေး ကုသမှု ခံယူပါ။

ညွှန်ကြားသည့်အတိုင်း ဆေးဝါးမှန်ကန်စွာ သုံးစွဲပြီး အခြားရှောင်ရန်၊ ဆောင်ရန် အချက်များကို လိုက်နာပါ။

ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်၍ ကုသမှုခံယူရာတွင် စိတ်ရှည်သည်းခံရန်လိုပါသည်။

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

MDN