NASAL SPRAY (နှာခေါင်းဖြန်းဆေး)နဲ့ အအေးမိ၊ တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားမယ်

ရေးသားသူ Aye Thi Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win. 

 

ရာသီဥတုအပြောင်းအလဲဖြစ်တဲ့အခါ အအေးမိတုပ်ကွေးဖြစ်တာက မဖိတ်ခေါ်ဘဲနဲ့ကို ရောက်လာတတ်တဲ့ အရာပါ။ အအေးမိတာ တုပ်ကွေးဖြစ်တာတွေဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ မအီမသာခံစားရတာတွေရှိနိုင်သလို အလုပ်အကိုင်တွေလည်း ပျက်ရပါတယ်။ ဒီတစ်ခေါက်တော့ အအေးမိဖျားနာတာဖြစ်ခဲ့တဲ့အခါ သက်သာ အောင်နဲ့ အဖျားတာတိုအောင် လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို မျှဝေပါရစေ။ 

 

အအေးမိတာနဲ့တုပ်ကွေးဖြစ်တာ ဆိုတာက

 

အအေးမိတာနဲ့ တုပ်ကွေးဖြစ်တာက တစ်ခုနဲ့တစ်ခု မတူပါဘူး။ ရိုးရိုးလေးတွေးရင်တော့ ခန္ဓာကိုယ် မှာ နေထိုင်မကောင်းတာချင်းက အတူတူပဲလို့ထင်စရာရှိပါတယ်။ လည်ချောင်းနာတာ၊ နှာခေါင်းပိတ်တာ၊ နှာချေတာ၊ ချောင်းဆိုးတာ၊ ခေါင်းကိုက်တာလိုမျိုး လက္ခဏာတွေက အတူတူပဲဆိုပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ ဝေဒနာတွေက အအေးမိတဲ့အခါ ခံစားရတာထက် ပိုပြင်းထန်ပြီး  ရောဂါတိုးတက်မှုနှုန်း ကတော့ မြန်ပါတယ်။ 

 

တုပ်ကွေးဖြစ်တဲ့အခါ  အဖျားတက်တာ၊ ကြွက်သားတွေ နာကျင်ကိုက်ခဲတာ၊ ချွေးထွက်တာ၊ ခြေကုန်လက်ပန်း ကျတာ၊ ချောင်းခြောက်ဆိုးတာနဲ့ နှာမွှန်တာတွေပိုလာနိုင်ပါတယ်။ အအေးမိတဲ့အခါ လှုပ်ရှားသွားလာနိုင်သေး ပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ လှုပ်ရှားသွားလာနိုင်ဖို့မဖြစ်နိုင်သလို အိပ်ရာထဲက ထနိုင်ဖို့တောင်မလွယ်ကူပါဘူး။

 

နှာချေလိုက်တဲ့အခါ တုပ်ကွေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေက လေထဲမှာပြန့်နှံ့ပြီး အခြားသူတွေကို ကူးစက်စေနိုင်ပါတယ်။ ကိုယ်တိုင်တင်မကဘဲ မိသားစုဝင်တွေနဲ့ အခြားသူတွေကိုပါ ကူးစက်စေနိုင်တဲ့ အအေးမိ၊ တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားနိုင်မယ့် နည်းလမ်းလေးတစ်ခု ပြောပြပေးမယ်ဆိုရင် စိတ်ဝင်စားမလား။ 

 

အအေးမိတုပ်ကွေးဖြစ်တာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

 

အအေးမိဖျားနာ၊တုပ်ကွေး ဖြစ်တာကို သက်သာအောင်လုပ်လို့ရမယ့် နည်းလမ်းတွေက တော်တော်လေးတော့ များပါတယ်။ ဒါတွေကတော့ အအေးမိနေပြီ၊ တုပ်ကွေးဖြစ်နေပြီ ဆိုရင် ရေအများကြီး သောက်ပြီး ရေဓာတ် ပြည့်ဝအောင်နေမယ်၊ အာဟာပြည့်ဝအောင်စားမယ်၊ ကောင်းကောင်းအနားယူမယ်၊ မကြာခဏလက်ဆေးမယ်၊ အိပ်ရေးဝဝအိပ်မယ်၊ နှာချေတဲ့အခါ နှာခေါင်းနဲ့ပါးစပ်ကို တစ်ရှုးနဲ့အုပ်ပြီး ချောင်းဆိုးမယ်။ နှာချေမယ်ဆိုရင် ကိုယ်တိုင်အတွက်ရော ပတ်ဝန်းကျင်ကသူတွေအတွက်ပါ ကျန်းမာရေးစောင့်ရှောက်ပြီးသား ဖြစ်မှာပါ။ နောက်ထပ်လုပ်လို့ရတဲ့ နည်းလမ်းတွေက ခံတွင်းသန့်ဆေးရည်သုံးတာ၊ နွေးနွေးထွေးထွေးနေတာ၊ ဆားရည်နဲ့ အာလုပ်ကျင်းတာ၊ ရေနွေးငွေ့ခံပေးတာနဲ့ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်တာပါ။ အခုပြောပြချင်တဲ့ နည်းလမ်းလေးကတော့ ဒီနည်းလမ်းတွေအပြင် အအေးမိ၊ တုပ်ကွေးဗိုင်းရပ်စ်တွေကို အမြစ်ပြတ် ဖယ်ရှားပေးနိုင်မယ့် အသုံးတည့်မယ့်နည်းလမ်းတစ်ခုပါ။ ဒါကတော့ nasal spray (နှာခေါင်းဖြန်းဆေး) အသုံးပြုခြင်းပါပဲ။ 

 

အအေးမိ၊တုပ်ကွေး နဲ့ nasal spray

 

Nasal sprays တွေကို နှာခေါင်းပိတ်တာကို သက်သာစေဖို့အတွက် အဓိက ရည်ရွယ်ထုတ်လုပ်ထားတာပါ။ နှာခေါင်းပိတ်တာကို သက်သာစေဖို့အတွက် nasal spray ကိုအသုံးပြုနိုင်သလို အအေးမိတာနဲ့ တုပ်ကွေးဝေဒနာတွေကို ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေကို အမြစ်ပြတ်ဖယ်ရှားနိုင်ဖို့အတွက်လည်း nasal spray ကိုအသုံးပြုလို့ရပါတယ်။ 

 

Betadine ကနေထုတ်ထားတဲ့ COLD DEFENCE Nasal Spray ကို အအေးမိ၊ တုပ်ကွေးဝေဒနာ သက်သာစေဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ ဒီဆေးက အအေးမိတုပ်ကွေး ဗိုင်းရပ်စ်တွေကို ၉၉ ရာခိုင်နှုန်းအထိ အမြစ်ဖြတ်ပေးနိုင်တာကြောင့် အအေးမိ၊ တုပ်ကွေးကြောင့် နေ့စဉ်အလုပ်တွေ မပျက်ချင် သူတွေအတွက် အသင့်တော်ဆုံးနည်းလမ်းပါ။ nasal spray တွေကအအေးမိဖျားနာတာနဲ့ နှာခေါင်းပိတ်တာ တွေကို သက်သာစေနိုင်သလို ဒီရောဂါတွေကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို အမြစ်ပြတ် ဖယ်ရှားပေးနိုင်တာ ကြောင့် အအေးမိ၊ တုပ်ကွေးရောဂါကို အမြန်ဆုံးသက်သာစေပြီး အဖျားတာကို တိုစေနိုင်တာပါ။ 

 

ဒါပေမယ့် nasal spray ကိုသုံးတဲ့အခါ အသုံးပြုရမယ့် ပမာဏနဲ့ အချိန်အတိုင်းအတာကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်းပဲ အသုံးပြုသင့်ပါတယ်။ 

 

ဘယ်လိုအသုံးပြုမလဲ

 

အဖျားသက်သာစေဖို့ nasal spray အသုံးပြုချင်ပေမယ့် ဘယ်လိုအသုံးပြုရမှန်း မသိတဲ့သူတွေအတွက် အသုံးပြုနည်းလေးလည်း တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။ 

 

နှာခေါင်းထဲမှာရှိနေတဲ့ ချွဲသလိပ်တွေကို အရင်ဆုံးရှင်းထုတ်လိုက်ပါ။

 

ပုလင်းကိုအရင်လှုပ်ပြီး အဖုံးဖွင့်လိုက်ပါ။ ပြီးရင်ဆေးပုလင်းမှာပါတဲ့ အညွှန်းအတိုင်း အသုံးပြုပေးပါ။

 

နှာခေါင်းထဲကို ဆေးမဖြန်းခင်မှာ နှာခေါင်းပေါက်တစ်ဖက်ကို လက်မလေးနဲ့ ဖွဖွလေး ဖိထားပေးရ ပါမယ်။

 

ပြီးရင်ဆေးဖြန်းလိုက်ပြီး လေကိုရှူသွင်းလိုက်ပါ။

 

ပြီးရင်တော့ နောက်ထပ်နှာခေါင်းပေါက်တစ်ဖက်ကို ခပ်ဖွဖွလေးဖိပေးပြီး အလားတူ လုပ်ဆောင် ပေးလိုက်ပါ။

 

နှာခေါင်းကလေကို ရှူထုတ်ဆိုတဲ့နေရာမှာလည်း နှာခေါင်းထဲဆေးတွေ ထွက်လာတဲ့အထိ ခပ်ပြင်းပြင်း ညှစ်တာမျိုးမလုပ်ဖို့ သတိရပါ။

 

အခုပြောပြခဲ့တဲ့နည်းလမ်းတွေအတိုင်း nasal spray လေးကို နည်းစနစ်မှန်မှန် အသုံးပြုမယ်ဆိုရင် အအေးမိ၊ တုပ်ကွေးရောဂါပိုးတွေကို အမြစ်ပြတ်တိုက်ဖျက်နိုင်ပြီး ခဏခဏဖျားတာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ 

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_73.jpg