နဘားဘူတာတွင် အသက် ၇၈ နှစ်အရွယ် အဖိုးအား ဝက်အူလှည့်ဖြင့် သတ်မှုဖြစ်ပွား

အင်းတော် ၂၂ သြဂုတ်


စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် နဘားဘူတာတွင် သြဂုတ် ၂၀ ရက် ည ၈ နာရီ ၁၅ မိနစ်က  အသက် ၇၈ နှစ်အရွယ်အဖိုးအား ဝက်အူလှည့်ဖြင့်သတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ သြဂုတ် ၂၀ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က အင်းတော်မြို့ ရွာမရှမ်းကုန်းရပ်ကွက်နေ မနီလာငြိမ်း (၂၇)နှစ်သည် ခင်ပွန်းဖြစ်သူနှင့်အတူ နဘားဘူတာရုံ စင်္ကြန်တွင် ဖျာငှားရမ်းထားသူများကို လိုက်ကောက်နေစဉ် ၎င်း၏ဖခင် ဦးမောင်ကြီး (၇၈)နှစ်ကို အမည်မသိသူတစ်ဦးက စတားဝက်အူလှည့် အရှည်ကိုင်လျက် ထိုးပြီးထွက်ပြေးသွားကြောင်း၊ ဖခင်ဖြစ်သူမှာ ဝဲဘက်ရင်အုံတွင် ပေါက်ပြဲသွေးထွက်ဒဏ်ရာ၊ ညာရင်အုံအောက်တွင် ပွန်းခြစ်ဒဏ်ရာ၊ ဝဲဘက်မျက်လုံး နားသွေးထွက် ဒဏ်ရာများ ရရှိခဲ့ပြီး အင်းတော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံအရောက် မွန်းလွဲ ၂ နာရီခွဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေးချက်များအရ ဦးမောင်ကြီးအား ဝက်အူလှည့်ဖြင့် ထိုးသတ်သွားသူမှာ  ဘူတာစုရပ် နဘားကျေးရွာနေသူ ကျော်ဝင်း (၄၈)နှစ်ဖြစ်ပြီး ၎င်းအား အင်းတော်မြို့မရဲစခန်းက အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


ဝ၇၈