နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ ဟားခါးမြို့၌ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်

ဟားခါး ၁၄ ဖေဖော်ဝါရီ

 

ချင်းတိုင်းရင်းသားတို့၏ နှစ်(၇၀)ပြည့် "ချင်းအမျိုးသားနေ့" ကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ (၂၀) ရက်နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင် အားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

 

 

နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပမှုများနှင့်အတူ ချင်းရိုးရာ ခွေါင်ကြွဲပွဲ၊ ရိုးရာနပန်းပြိုင်ပွဲ၊ ရိုးရာအထွဋ်အမြတ်တိုင်စိုက်ထူပွဲ၊ ရိုးရာယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်းများ ပြခန်း၊ ရိုးရာဂျပ်ခုတ်လုပ်ငန်း သရုပ်ပြသခြင်း၊ ဌာနဆိုင်ရာနှင့် လူမှုရေး အသင်းအဖွဲ့များမှ ပြခန်းစုစုပေါင်း (၁၅)ခု အပါအဝင် ရိုးရာဝတ်စားဆင်ယင်မှုပြိုင်ပွဲနှင့် စင်တင်တေးဂီတ (Stage Show) ဖျော်ဖြေမှုများ ပါဝင်မည်ဖြစ်ရာ ချင်းအမျိုးသားနေ့ ပွဲတော်သို့ မည်သူမဆို လာရောက်အားပေး ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

MDN