နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်

ရိခေါဒါရ် ၂၀ ဖေဖော်ဝါရီ 

 

ချင်းလူမျိုးများ၏ အမျိုးသားရေးနေ့ထူးနေ့မြတ်တစ်ခုဖြစ်သည့် နှစ်(၇၀)ပြည့် ချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက် နံနက် ၈ နာရီတွင် ချင်းပြည်နယ်၊ ရိခေါဒါရ် မြို့ အမှတ်(၂)ရပ်ကွက် အားကစားကွင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

 

 

 

အခမ်းအနားမစတင်မီ ရပ်ကွက်ပြည်သူများ၊ ဌာနဆိုင်ရာများ အင်အား (၃၅၀)ဦးခန့်သည် ချင်းတိုင်း ရင်းသားခေါင်းဆောင်များဖြစ်သည့် ကြွမ်ဘိခ်၊ လှူရ်မှုန်၊ ဝမ္မသူးမောင်း၊ ခိုင်ကမ်းနှင့် တိုက်ချွန်းတို့၏ အမည်များကို အမှီပြုကာ စစ်ကြောင်း(၅)ကြောင်းဖွဲ့စည်း၍ မြို့အဝင်စုရပ်မှ အခမ်းအနားကျင်းပပြုလုပ်မည့် အားကစားကွင်း အထိ ချင်းပြည်နယ်အလံငယ်လေးများ ကိုင်ဆောင်ဝှေ့ယမ်းကာ လမ်းလျှောက်ချီတက်သည်။

 

အခမ်းအနားတွင် ရပ်ကွက်ပြည်သူစစ်ကြောင်းများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်အလံနှင့် ချင်းပြည်နယ်အလံတို့အား ဦးညွတ်အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သည့် ချင်းအမျိုးသားနေ့ သဝဏ်လွှာ နှင့် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်ထံမှပေးပို့သည့် သဝဏ်လွှာတို့ကို လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးတေဇာလင်းက ဖတ်ကြား၍ ချင်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို မြို့မိမြို့ဖကိုယ်စားလှယ် ဦးချန့် လျန်နာက ရှင်းလင်း ဆွေးနွေးသည်။

 

 

 

 

 

ထို့နောက် ချင်းအမျိုးသားနေ့အခမ်းအနားဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များ ဆက်လက်ကျင်းပပြုလုပ်ရာ ရပ်ကွက်လူငယ်အဖွဲ့များမှ မိမိလူမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ဘော်လီဘော ပြိုင်ပွဲ၊ ဘော်လုံးပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ ကြောင်း သိရသည်။

 

ထို့အပြင် ချင်းအမျိုးသားနေ့ဂုဏ်ပြုဖျော်ဖြေရေးပွဲကို ဖေဖော်ဝါရီ ၂၀ ရက် ညဘက်အချိန်တွင် ဆက် လက်ကျင်းပပြုလုပ်သွားကြောင်း သိရသည်။

 

MDN