နှစ်သစ်မင်္ဂလာ MRTV  သင်္ကြန်ပွဲတော်ကျင်းပ

နေပြည်တော်  ဧပြီ   ၁၂

 

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ “နှစ်သစ်မင်္ဂလာ MRTV   သင်္ကြန်ပွဲတော်” ကို ယနေ့ ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ Portico ၌ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်    ဦးအောင်နိုင်ဦး၊  ဒေါက်တာသီတာဦး၊ ဦးမောင်မောင်အုန်း၊  ဒေါက်တာမျိုးသိန်းကျော်၊   ဒေါက်တာ စိုးဝင်း၊   ဒေါက်တာသက်သက်ခိုင်၊ Jeng Phang နော်တောင်တို့နှင့်မိသားစုများ နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ပါဝင်ဆင်နွှဲကြမည့်  ကိုရီးယား  K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များ၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် မိသားစုများသည်  ပျော်ရွှင် စွာ အတာရေပက်ဖျန်းကြသည်။

 

 

ထို့နောက် Auditorium ခန်းမ၌ ကျင်းပသည့် နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်ပွဲစဉ်(၃) တေးဂီတ ဖျော်ဖြေပွဲ (Friday Night Live Show)   ရိုက်ကူးတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။

 

ဖျော်ဖြေတင်ဆက်မှုအပြီးတွင်   ပြည်ထောင်စုဝန်ကြီးများက ကိုရီးယားရုပ်ရှင် သရုပ်ဆောင်နှင့်  K – Pop အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့် ဂုဏ်ပြုငွေများ ပေးအပ်ကြသည်။

 

ထို့နောက်    ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့သည်   ကိုရီးယား K – Pop အနုပညာရှင်များ၊ နာမည်ကျော် မြန်မာတေးသံရှင်များအား    ရင်းရင်းနှီးနှီး    နှုတ်ဆက်ပြီး   နှစ်သစ်မင်္ဂလာ မဟာသင်္ကြန်   ပွဲစဉ်(၃) တေးဂီတဖျော်ဖြေပွဲ (Friday Night Live Show)  အောင်မြင်စွာ   ပြီးစီး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်