နောင်ချိုမြို့နယ်တွင် ကျား၊မရေးရာအခြေပြု အကြမ်းဖက်မှုကိုဆန့်ကျင်သော (၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ

နောင်ချို  ၂၄  နိုဝင်ဘာ    

ရှန်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊နောင်ချိုမြို့နယ် "အင်းစိမ်းမေ"အမျိုးသမီး လူမှုဖွံ့ဖြိုးရေး ကူညီမှုအသင်းမှ ကြီးမှူးကျင်းပသည့် ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှုကို ဆန့်ကျင်သော(၁၆)ရက်တာ လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် (၉)နာရီက နောင်ချိုမြို့မြနန်းတော်ဝင်ခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။

ရှေးဦးစွာ နောင်ချိုမြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံး တာဝန်ခံ ဦးအောင်မြင့်ထွန်းက အဖွင့် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ကျောက်မဲခရိုင်၊လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီရီခိုင်၊ "အင်းစိမ်းမေ"အမျိုးသမီး လူမှုဖွံ့ဖြိုးရေး ကူညီမှုအသင်းဥက္ကဌ ဒေါ်ညိုညိုစမ်းတို့က အမျိုးသမီး အကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများ လျော့ကျစေရန် လူသားတိုင်း လူမှုရေးစိတ်ထားရှိပြီး လူမှုရေးကိစ္စ များပြုလုပ်ရန်၊ (၁၆)ရက်တာလှုပ်ရှားဆောင်ရွက်သည့် အကြောင်းအရာနှင့် ရည်ရွယ်ချက်များအား လည်းကောင်း၊ (၈၅)နှစ်ပြည့်ပြီးသော အဖိုး၊အဖွားများအား လူမှုရေးပင်စင်ပေးနေကြောင်းကိုလည်းကောင်း ပြောကြားခဲ့ကြသည်။

၎င်းနောက် အင်းစိမ်းမေအဖွဲ့ဝင်များက ကျား၊မရေးရာ အခြေပြုအကြမ်းဖက်မှု ဆန့်ကျင်သော သရုပ်ဖော်ခင်းကျင်း၍ ဖျော်ဖြေခဲ့ကြသည်။ ဖျော်ဖြေမှုအပြီးတွင် ကျား၊မအခြေပြုအကြမ်းဖက်မှုဖြစ်စေသော အကြောင်းအရင်းများ၊ ဒေသန္တရအုပ်ချုပ်ရေးတွင် အမျိုးသမီးပါဝင်မှုနှင့် အရေးပါပုံ၊ အမျိုးသမီးငြိမ်းချမ်းရေး နှင့် လုံခြုံရေးများ ဆွေးနွေးခြင်း၊ မေးခွန်းများမေးမြန်းခြင်း၊ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး ဓနု တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့မှ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ် ၊  ပြန်/ဆက်   

 

IMG_20191125_093725

 

IMG_20191125_094829