နောင်ချိုမြို့တွင် တရားမဝင် တုပ်ကွေးကာကွယ်ဆေးများ ရောင်းချမှုရှိ မရှိ ကွင်းဆင်းစစ်ဆေး

နောင်ချို  ၃၁  ဇူလိုင်

 

ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် ဆေးဝါးမှတ်ပုံတင်ထားခြင်းမရှိသော တုပ်ကွေး ကာကွယ်ဆေးများ တရားမဝင် ရောင်းချမှု ရှိ မရှိကို  ယမန့်နေ့က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တရားမဝင်လမ်းကြောင်းများမှ တင်သွင်းလာသည့် အရည်အသွေး အာနိသင်  သတ်မှတ်ချက်၊ Stroage Condition စိတ်ချရမှုမရှိသော Fluguadri Vaccine  တုပ်ကွေးကာကွယ်ဆေးကို  ရောင်းချခြင်းမပြုရန် ဆေးအရောင်းဆိုင်များအား သတိပေးမှာကြားခြင်း၊ ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိပါက ရောင်းချသူများကို စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း အသိပညာပေး ပြောကြား ခဲ့ကြောင်း သိရသည်။

 

(နောင်ချို ပြန်/ဆက်)