နောင်မွန်မြို့နယ်၌ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်စမ်းသပ်စိုက်ပျိုး

နောင်မွန်  ၂၇  ဇွန် 

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြကွက် စိုက်ပျိုးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့မကွင်း အမှတ်()ရပ်ကွက်တွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် နောင်မွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစကျော်သက်ထွေးက မျိုးကောင်းမျိုးသန့် မျိုးစေ့ထုတ်စိုက်ခင်းများတည်ထောင်၍ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်လုပ်သည့် နည်းပညာများကို သိရှိနားလည်သဘောပေါက်ပြီး ကိုယ်ပိုင်မျိုးစေ့ထုတ်စိုက်ခင်းများ တည်ထောင်ကာ ထုတ်လုပ်နိုင်မည့် နည်းပညာများကို အသိပညာပေး ဆောင်ရွက်နေကြောင်း ပြောကြားသည်။

အဆိုပါ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရာတွင် မျိုးစပါးဆင်းဧကရီ ()ဧကကို မျိုးသန့်စိုက်ခင်း အင်္ဂါရပ်နှင့်အညီ မျိုးသန့်မျိုးစေ့ထုတ်လုပ်ရာတွင် မျိုးပွားစေ့ကို  ခြောက်တန်းတစ်တန်းလှပ်၍ စိုက်ပျိုးသောစနစ်ဖြင့်စိုက်ပျိုးပြီး မျိုးကောင်းမျိုးစေ့ရရှိရန် မျိုးကွဲနုတ်ပယ်ခြင်းစနစ်ကို စပါးပင်ပွားချိန်၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန် စသည့် သက်တမ်းတစ်လျှောက် သုံးကြိမ်ဆောင်ရွက်သွားမည်ဖြစ်ရာ ရရှိလာသော စပါးမျိုးစေ့များကို တောင်သူအချင်းချင်း မျိုးစေ့ဖလှယ်သောစနစ်ဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ဖြန့်ဖြူးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နောင်မွန်(ပြန်/ဆက်)

 

4

 

3

 

2

 

1