နောင်တရားမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဝေမျှခြင်းရန်ကုန်မှ ကျန်းမာရေးသုံးပစ္စည်းများ လှူဒါန်း

နောင်တရား ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းများကို ဩဂုတ် ၂၆ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် နောင်တရားတိုက်နယ်ဆေးရုံနှင့် ကုသရေးဌာနများသို့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရန်အတွက် ဦးတင်ထွဋ်(ခ)ဦးပီတာစိန်မောင်အား ရည်စူး၍ ဇနီး ဒေါ်သန်းသွန်းနွယ် မိသားစုက Oxygen Concentrator တစ်လုံး၊ အဝေးရောက်မြန်မာပြည်ချစ်သူများမှ PPE(Medical Grade) ၅၉ စုံ၊ N95 အခု ၁၀၀၊ စေတနာရှင် သူငယ်ချင်းများမှ Surgical Gown အစုံ ၁၀၀၊ Surgical Gloves (Size 6.5,7,7,5) အစုံ ၁၅၀၊ Oximeter ငါးခုနှင့် Aspilets နှစ်ဘူး၊ Paracetemol အလုံး ၂၀၀၀၀ စုစုပေါင်း ငွေကျပ် ၂၅ သိန်း တန်ဖိုးရှိ ကျန်းမာရေးသုံး ပစ္စည်းများကို ဝေမျှခြင်းရန်ကုန် မှတစ်ဆင့် ပေးပို့လှူဒါန်းပြီး အလှူရှင်များကိုယ်စား နောင်တရားမြို့ ဦးစိုင်းတင်မောင်စိုးက ပေးအပ်လှူဒါန်းပြီး နောင်တရားမြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းချမ်းမြေ့ဝင်းနှင့် နောင်တရား တိုက်နယ်ဆရာဝန် ဒေါက်တာခွန်ပလက်တီနမ် တို့က လက်ခံရယူသည်။

ခွန်အောင်(နောင်တရား)