နောင်တရားမြို့၌ ခေတ္တခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များကို စာပေသင်ကြားပေးလျက်ရှိ

နောင်တရား   ဇန်နဝါရီ   ၂၁

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၌ ကယား ပြည်နယ်မှ ခေတ္တခိုလုံရောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ်များကို အခြေခံ ဘာသာရပ်များဖြစ်သည့် မြန်မာစာ၊ သင်္ချာနှင့် အင်္ဂလိပ်စာ ဘာသာရပ်များကို သင်ကြားပေးလျက် ရှိသည်။

 

နောင်တရားမြို့ရှိ ရတနာရန်နိုင်စေတီတော်ဓမ္မရုံ၊ ဗုဒ္ဓဓမ္မတောင်၊ ရွှေဘုန်းပွင့် ပညာဒါန ကျောင်းများ၌ ခေတ္တခိုလုံရှောက်ရှိနေသည့် နေရပ်စွန့်ခွာပြည်သူများ၏ ကလေးငယ် ၁၀၀ ကျော်ကို အခြေခံစာပေးများ သင်ကြားလျက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)