နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ ၀န်ထမ်းအိမ်ရာတစ်ခုတွင် မီးလောင်မှုဖြစ်ပွား လူထိခိုက်မှုမရှိ

နေပြည်တော် ၂၁ ဖေဖော်ဝါရီ

 

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက်အတွင်းရှိ တိုက်အမှတ် -၃၃၇၂ အခန်း ၁၆ တွင် တိုက်ခန်းနေမိသားစု၀င်များ ပြင်ပသို့ ရောက်ရှိနေချိန် ဝါယာရှော့ဖြစ်ပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၁၁:၅၀ နာရီတွင် ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် တိုက်အမှတ် -၃၃၇၂၊ အခန်း-၁၆ တွင် မိသားစု၀င်များအားလုံး ပြင်ပသို့ ရောက်ရှိနေခိုက် အဲကွန်းမီးဖြတ်စက် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်ကာ လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

     

အဆိုပါမီးလောင်ကျွမ်းမှု ဖြစ်ပွားရာသို့ နေပြည်တော်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၁၈ စီး မီးသတ်တပ်ဖွဲ့၀င် -၈၂ ဦးတို့ အချိန်နှင့်တစ်ပြေးညီ ရောက်ရှိလာခဲ့ပြီး မီးငြိမ်းသတ်ခဲ့ရာ မွန်းတည့် ၁၂ နာရီတွင် မီးငြိမ်းခဲ့ပြီး ထိုတိုက်တွင် နေထိုင်သည့် ၀န်ထမ်းမိသားစုများ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

fire npt

မီးလောင်မှုဖြစ်ပွားရာသို့ နေပြည်တော်ကောင်စီ၀င် ဗိုလ်မှူးကြီးမင်းနောင်နှင့် တာဝန်ရှိသူများ ရောက်ရှိလာခဲ့ပြီး ကြည့်ရှုစစ်ဆေးကာ လိုအပ်သောစီမံခန့်ခွဲမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် တိုက်ခန်းနေသူအား နယ်မြေခံအမှတ်-၇ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

ကိုပေါက်